ကမ္ဘာပေါ်ရှိ ဥသျှောင်တို့၏စံအိမ်များ(ဘုရင်၊သမ္မတ) အစရှိသည့် ကြီးကျယ်ခမ်းနားမြင့်မြတ်သော အဆောက်အအုံများမှ ယခုထိတိုင်တွေ့ရသော ဗိသုကာလက်ရာများ အကြောင်းကို စိတ်ဝင်စားဖွယ်ဖြစ်အောင် တင်ဆက်ပေးသွားပါ့မယ်။ နိုင်ငံများစွာရှိတဲ့ထဲကမှ စပိန်နိုင်ငံကို ရွေးချယ်ထားပြီး အယ်လ်ကာဇာ နန်းတော် "Alcazar of Serville" ရှိ ရင်သက်ရှုမောဖွယ် ဗိသုကာ လက်ရာများအကြောင်းကို ပုံရိပ်နှင့်တကွ သမိုင်းအကျဉ်းကိုပါ ဖော်ပြပေးသွားမှာပါ။

photo credit pngtree

ကမ္ဘာဦးအစ ကျောက်ခေတ်ကတည်းက လူသားတို့သည် အစုဖွဲ့၍ မိမိတို့မျိုးနွယ်စုအလိုက်၊ တည်နေရာ ပတ်ဝန်းကျင်တစ်ခုတွင် နေထိုင်လာခဲ့ကြရာ အချိန်တွေ တဖြည်းဖြည်း ပြောင်းလဲလာတာနဲ့အမျှ နိုင်ငံနှင့် တိုင်းပြည်၊ မြို့နယ် ဒေသဆိုပြိး ပေါ်ထွန်းလာခဲ့တာဖြစ်ပါတယ်။ နိင်ငံ၊ ဒေသအရပ်ရပ်တွင် အုပ်ချုပ်သည့် နိုင်ငံခေါင်းဆောင်များလည်းရှိကြပြီး ထိုသူတို့နေထိုင်ဖို့အတွက် နန်းတော်စံအိမ်များကို ဆောက်လုပ်ပေးခဲ့ကြရာ ယခုအချိန်မှာ ကြီးကျယ်ခမ်းနားသော အဆောင်အအုံများအဖြစ် ကျန်ရှိနေတာပါ။ "ဥသျှောင်"တို့၏ စံအိမ်များဆိုပြီလည်း ခေါ်စမှတ်ပြုကြတာဖြစ်ပါတယ်။

photo credit pngtree

အယ်လ်ကာဇာ နန်းတော် (Alcazar of Serville) - စပိန်နိုင်ငံမှ သမိုင်းဝင်အထင်ရှားဆုံးသော မူဒေဂျာ( Mudejar) ဗိသုကာ လက်ရာများထဲမှ ကြွင်းကျန်နေသေးသော အကောင်းဆုံး အနုလက်ရာဖြစ်သည့် ဖုန်းဆိုးမြေပေါ်မှ ခံတပ်အဆောက်အဦး တစ်ခုပင်ဖြစ်ပါတယ်။ မူလနန်းတော်ကို ၁၀ ရာစု နှစ်ဦးပိုင်းတွင် စတင်တည်ဆောက်ခဲ့ပြီး စပိန် Almohade မင်းဆက်တွင်စိုးစံခဲ့ကြသူများက ဆက်လက်တိုးချဲ့တည်ဆောက်ခဲ့ကြပါတာဖြစ်ပါတယ်..။ အဆက်ဆက်သော နန်းစံခဲ့ကြသူတို့က အယ်လ်ကာဇာကို မိမိတို့စိတ်ကြိုက်ပြင်ဆင်ခဲ့ကြရာ နန်းမဆောင်၏ အပေါ်လွှာတွင် ယနေ့တိုင် တော်ဝင်အခမ်းအနားများကို တရားဝင်ကျင်းပလျက်ရှိပါတယ်။

Source မောင်သာ ( ရှေးဟောင်းသုတေသန)

photo credit pngtree

photo credit pngtree

သတင်းယူရေးခွင့်ပေးတဲ့ မောင်သာ ( ရှေးဟောင်းသုတေသန) အား ကျေးဇူးတင်ရှိပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။