မနေ ့ည(၈း၃၀)အချိန်က ထိုင်းနယ်ခြားစောင့်တပ်နဲ ့ မူးယစ်နိမ်နင်းရေး အဖွဲ

့တွေဟာ မယ်စို်င် နယ်စပ် တောင်ကြားလမ်းကနေ ့ သတင်းအရ စောင့်နေချိန်မှာ မူးယစ်ဆေးသယ်ဆောင်လာသူ(၁၅) ဦးခန် ့နဲ ့ ထိုင်းစစ်တပ် တို ့ထိတ်တိုက်ပစ်ခတ်မှုတွေဖြစ်ခဲ့တာပါ။

၁၀ မိနစ်ကျော် တိုက်ပွဲဖြစ်ပွားအပြီး ကြောပိုးအိပ်တွေနဲ ့ ရာဘ (စိတ်ကြွဆေးတွေသယ် လာတဲ့ လက်နက်ကိုင် အုပ်စုက (၈)ဦးကို အသေမိခဲ့ပြီး ကျန်လူတွေကတော့ ထွက်ပြေးသွားခဲ့ကြတယ်လို ့သိရပါတယ်။

ထိုင်းဘက်ကတော့ ထိခိုက်ဒဏ်ရာရသူမရှိဘူးလို ့ ဆိုပါတယ်။

သေဆုံးနေတဲ့သူတွေနဲ ့အတူ ကြောပိုးအိပ်တွေနဲ ့ ထညိ့ထားတဲ့ ရာဘ

စိတ်ကြွဆေး ခြောက်သိန်းကို သိမ်းဆီးမိခဲ့ပါတယ်။

ထိုင်းနယ်ခြားစောင့် တပ်ရဲ ့ တာဝန်ရှိသူတွေကတော့ ယခုဖြစ်ပွားတဲ့တောင်

ကြောတွေဟာ အိမ်နီးချင်းနိုင်ငံ (မြန်မာ) ဘက်ကနေ မူးယစ်ဆေးသယ်ဆောင်နေကြတဲ့ အဓိကလမ်းကြောင်းဖြစ်တယ်လို ့ပြောပါတယ်

။ စိတ်ကြွဆေးသန်းရာနဲ ့ချီပြီး သယ်ဆောင်လာကြမှာကို ကြိုတင်သတင်းတွေရထားတယ်လို ့လည်း ထိုင်းသတင်းတွေမှာဖော်ပြထားပါတယ် ။

SAW

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။