မျိုးဆက်သစ် ကစားသမားများ စဉ်ဆက်မပြတ် ပေါ်ထွက်ရေးအတွက် ရည်ရွယ်ပြီး ကျင်းပသည့် MFF 100Plus Cup U-14 အမျိုးသား တိုင်းဒေသကြီးနှင့် ပြည်နယ် ဘောလုံးပြိုင်ပွဲ၏ ဗိုလ်လုပွဲစဉ်ကို နိုဝင်ဘာ ၂၈ ရက်က ရန်ကုန်မြို့ သုဝဏ္ဏအားကစား မြက်ခင်းတုကွင်း (၁)၌ ကစားခဲ့ရာ ကရင်ပြည်နယ်အသင်းက မန္တလေးတိုင်းဒေသကြီးအသင်းကို ( ၄ - ၃) ဂိုးဖြင့် အနိုင်ရ ဗိုလ်စွဲသွားခဲ့ပါတယ်။ပွဲချိန်အတွင်းမှာဆိုရင်တော့ နှစ်သင်းစလုံး အနိုင်ရရှိရေး အစွမ်းကုန် ကြိုးစားခဲ့ပြီး ကရင်ပြည်နယ်အသင်းက ၃ ဂိုးပြတ်ဖြင့် ဦးဆောင်ကစားခဲ့ပြီး မန္တလေးအသင်းကတော့ အံ့အားသင့်စရာ ခြေစွမ်းထုတ်ပြခဲ့ပြီး ၃ ဂိုးပြန်သွင်းယူခဲ့သောကြောင့် ( ၃ -၃) ဂိုးသရေကျနေခဲ့ပါတယ်။

Photo Credit - MFF
Photo Credit - MFF

ယင်းနောက် နှစ်သင်းစလုံး အပြန်အလှန်ကစားခဲ့ပြီး ပွဲပြီးခါနီးတွင် ကရင်အသင်းက အဖိုးတန် အနိုင်ဂိုး သွင်းယူခဲ့သောကြောင့် ( ၄-၃) ဂိုးဖြင့် အနိုင်ရသွားခြင်းဖြစ်ခဲ့ပါတယ်။ဗိုလ်လုပွဲစဉ်ပြီးနောက် ဆုပေးပွဲ အခမ်းအနားပြုလုပ်ခဲ့ရာ ရှေးဦးစွာ ပြိုင်ပွဲ၏ နောက်ဆုံးပြိုင်ပွဲတွင် တာဝန်ထမ်းဆောင်ခဲ့သော ဒိုင်လူကြီးများအား အမှတ် တရဆု ချီးမြှင့်ခဲ့ပြီးယင်းနောက် ပွဲစဉ်တစ်လျှောက် ဂိုးသွင်းအများဆုံးဆုနှင့် အကောင်းဆုံး ကစားသမားဆုတို့ကို အမှတ်တရဆုနှင့် ဆုကြေးငွေ (၁) သိန်းကျပ် ချီးမြှင့်ခဲ့ပါသေးတယ်။

Photo Credit - MFF
Photo Credit - MFF
Photo Credit - MFF
Photo Credit - MFF

ထို့နောက် ပူးတွဲ တတိယဆုရရှိသည့် တနင်္သာရီအသင်နှင့်မွန်ပြည်နယ်အသင်းအား တစ်ဦးချင်း ဆုတံဆိပ် အားဆုကြေးငွေကျပ် (၁၀) သိန်းတို့ကို ချီးမြှင့်ခဲ့ပါတယ်။ ဒုတိယဆုရရှိသည့် မန္တလေးအသင်းအား တစ်ဦးချင်း ဆုတံဆိပ်တို့ကို ဆုကြေးငွေ ( ၁၅) သိန်းကို ချီးမြှင့်ခဲ့ပါတယ်။ထို့နောက် ပထမဆုရရှိသည့် ကရင်ပြည်နယ် အသင်းအား တစ်ဦးချင်း ဆုတံဆိပ်ကို ဆုကြေးငွေ ( ၂၅) သိန်းတို့ကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ချီးမြှင့်ခဲ့ပါသေးတယ်။ဘောလုံးဝါသနာရှင်တွေအတွက် ယူ - ၁၄ အမျိုးသား ဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနားပုံရိပ်လေးတွေကို ပရိသတ်တွေအတွက်ပြန်လည်းမျှဝေပေးလိုက်ပါတယ်။

Source - MFF 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။