မြန်မာ့ဂုဏ်ဆောင်ဘောလုံးသမားတစ်ဦးဖြစ်တဲ့ အောင်သူနဲ့ သရုပ်ဆောင် မင်းသမီးချောလေး ပိုးအိအိခန့်တို့ဇနီးမောင်နှံကတော့ သာယာချမ်းမြေ့တဲ့ မိသားစုဘဝလေးကို ရရှိထားပြီပဲ ဖြစ်ပါတယ်။ နှစ်ဦးသဘောတူ ထိမ်းမြားလက်ထပ်ခဲ့ကြတဲ့ အောင်သူနဲ့ ပိုးအိအိခန့်တို့စုံတွဲလေးက အိမ်ထောင်ကျပြီး သားလေးတစ်ယောက် မွေးဖွားခဲ့တာ ဖြစ်ပါတယ်။ အခုဆိုရင် သူတို့မိသားစုလေးက သားလေးနဲ့အတူ ပျော်ရွှင်ကြည်နူးစရာကောင်းနေတာ ဖြစ်ပါတယ်။

Photo Credit-Poe Ei Ei Khant's FB
Photo Credit-Poe Ei Ei Khant's FB
Photo Credit-Aung Thu's FB
Photo Credit-Poe Ei Ei Khant's FB

ချစ်စရာကောင်းတဲ့ သားဦးလေးကိုတော့ အောင်သူတို့ဇနီးမောင်နှံက သွင်ဦးဟန် (ခေါ်) ကိုကိုးလေးလို့ နာမည်လေးပေးထားတာ ဖြစ်ပါတယ်။ အောင်သူနဲ့တစ်ထေရာတည်းတူပြီး ဖေဖေ့သွေးအပြည့်ပါတဲ့ ကိုကိုးလေးကတော့ အခုကတည်းက ဘောလုံးကစားရတာကို ဝါသနာပါနေတာ ဖြစ်ပါတယ်။ အခုလည်း ကိုကိုးလေးက ဖေဖေအောင်သူနဲ့အတူ ဘောလုံးကစားရင်း ခွက်ထိုးခွက်လန်ရယ်မောနေတာ ဖြစ်ပါတယ်။

Photo Credit-Poe Ei Ei Khant's FB
Photo Credit-Poe Ei Ei Khant's FB
Photo Credit-Poe Ei Ei Khant's FB

ဖေဖေအောင်သူက ဘောလုံးကစားပြနေတာကို ကိုကိုးလေးကကြည့်ပြီး သဘောကျလွန်းလို့ အားရပါးရရယ်မောနေတာပဲ ဖြစ်ပါတယ်။ ပျော်ပျော်ရွှင်ရွှင် ဘောလုံးကန်နေကြတဲ့ အောင်သူတို့သားအဖနှစ်ယောက်ရဲ့ဗီဒီယိုဖိုင်လေးကတော့ ပရိသတ်တွေကိုပါ အပျော်တွေကူးစက်စေနိုင်တာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် အောင်သူတို့သားအဖနှစ်ယောက်ရဲ့ ကြည်နူးစရာဗီဒီယိုဖိုင်လေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo & Video Credit-Aung Thu's FB & Poe Ei Ei Khant's FB 

Photo Credit-Poe Ei Ei Khant's FB
Photo Credit-Poe Ei Ei Khant's FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။