အီဂျစ်နိုင်ငံ မြောက်ဖက် "Mediterranean Sea"မယ်ဒီတာရေးနီးယန်း ပင်လယ် ထဲမှာ တည်ရှိနေပြီး ၎င်းမြို့တော်ကြီးကို တူးဖော်တွေ့ရှိခဲ့တဲ့ အချိန်ကစပြီး အယူအဆပေါင်းများစွာနဲ့ ကမ္ဘာတစ်ဝှမ်းကသူတွေရဲ့ စိတ်ဝင်တစား စောင့်ကြည့်ခြင်းကို ခံခဲ့ရတာပါ။ ခန့်မှန်းရသလောက် လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၂၀၀ခန့်က နစ်မြုပ်ခဲ့ပြီး ဆိပ်ကမ်းမြို့တော်ကြီးတစ်ခုလို့ သတ်မှတ်ခဲ့တာပါ...။ အဆိုပါ နစ်မြုပ်နေတဲ့ မြို့တော်ကြီးက သဲတွေကြားကနေ ပင်လယ်ရေ တိုက်စားမှုကြောင့် တဖြည်းဖြည်းခြင်း လှို့ဝှက်စွာ ပြန်လည်ပေါ်ထွက်လာပြီး ရေအောက်တူးဖော်သူတွေက တွေ့ရှိခဲ့တာပါ။

Photo credit Once A Glance Page

ထိုနစ်မြုပ်နေတဲ့ ရှေးဟောင်းမြို့ကြီးက အီဂျစ်နိုင်ငံနှင့် ဆက်စပ်မှုရှိနေပါတယ်။ ခေတ်သစ် အီဂျစ်နိုင်ငံကမ်းရိုးတန်း အလွန် ၆.၅ ကီလိုမီတာ အကွာမှာ တည်ရှိတာဖြစ်ပြီး ရှာဖွေတွေ့ရှိချက်တွေအရ ကုန်စည် သယ်ယူပို့ဆောင်ခဲ့တဲ့ သင်္ဘောကြီးတွေ အစီး ၆၀ လောက်နှင့်တစ်ကွ ကျောက်စူးကြိုးများ ဘုရားရှိခိုးကျောင်းဆောင်ကြီးများလို့သိရပါတယ်။ ဘာကြောင့် အခုလိုနစ်မြုပ်ခဲ့ရသလဲဆိုတာကို ပရိသတ်ကြီး သိချင်နေလောက်ပြီထင်ပါတယ်။

Photo credit Once A Glance Page

ရှေးဟောင်း အီဂျစ်နိုင်ငံက နတ်ဘုရားတွေ၊ သဘာဝလွန်အဖြစ်အပျက်တွေ၊ အာကာသဆိုင်ရာ လှို့ဝှက်နက်နဲမှုကိစ္စတွေနဲ့ ပတ်သက်နေတာကို အတော်အတန်မျှ သိပြီးကြမှာဖြစ်ပါတယ်။ ထိုနစ်မြုပ်သွားခဲ့တဲ့ မြို့တော်ကြီးနဲ့ပတ်သက်ပြီး အယူအဆနှစ်မျိုးကွဲခဲ့ကြပါတယ်...။ မိရိုးဖလာ ဘာသာကို ကိုးကွယ်ပြီး နတ်ဘုရားယုံကြည်မှုရှိသူတွေက အပြစ်ရှိတဲ့သူတွေကို "ပိုစီဒွန်" နတ်ဘုရားက ရေကြီးခြင်း၊ မုန်တိုင်းထန်စေခြင်း၊ ငလျင်လှုပ်ခတ်ခြင်း စသဖြင့် အကျင့်ပျက်နေတဲ့သူတွေကို နစ်မြုပ်စေခဲ့တယ်လို့ ယုံကြည်ပါတယ်။ သို့သော် သိပ္ပံပညာရှင်တွေရဲ့ အယူအဆကတော့ ကြီးမားတဲ့ ငလျင်ကြီးတစ်ခုကြောင့်လို့ အဆိုပြုထားပါတယ်။ အဆိုပါနစ်မြုပ်ခဲ့တာနဲ့ ပတ်သက်ပြီး ပရိသတ်ကြီးရဲ့ ထင်မြင်ယူဆ ချက်လေးကိုလည်း မျှဝေပေးသွားလို့ရပါတယ်နော်။

Source Once A Glance Page

Photo credit Once A Glance Page

Photo credit Once A Glance Page

သတင်းယူရေးခွင့်ပေးတဲ့ "သံ ဇဉ် မိုးဇတ်" ကိုကျေးဇူးတင်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။