Call Of Duty : Mobile ဟာဆိုရင်ခုချိန်မှာတော့ Season 2 နဲ့အတူ Update တချို့လဲပါဝင်လာပြီဖြစ်ပါတယ်။ အဲ့ Update တွေထဲကတစ်ခုဖြစ်တဲ့ Zombie Mode ဟာဆိုရင်တော်တော်လေးကိုဆော့လို့ကောင်းနေပါတယ်။ Zombie Mode ဟာ တခြား Mode တွေနဲ့မတူပဲ ဆော့ရတာ ရင်ထိတ်ဖွယ်ကောင်းပါတယ်။ Zombie Mode ကနေပေးတဲ့ ဆုတွေကလဲ Epic တွေပါတာမို့ ဆော့ကြတဲ့သူလဲများပါတယ်။ 

Zombie Mode ထဲမှာပါတဲ့ Mode တွေကတာ့ Raid Mode နဲ့ Survival Mode ဖြစ်ပါတယ်။ ျRaid Mode မှာမှ Normal Mode နဲ့ Hardcore Mode တို့ပဲဖြစ်ပါတယ်။ Normal Mode မှာ Round 8 ထိပါပြီး Hardcore Mode မှာတော့ Round 12 ပါပါတယ်။ Svrvival Mode ကတော့ မသေမချင်းဆော့လို့ရပါတယ်။ ဆုတွေကတော့ ကြာကြာအသက်ရှည်လေ ပိုကောင်းတာကိုရရှိမှာဖြစ်ပါတယ်။  

တစ်ရက်မှာ ၃ခါရခွင့်ရှိပြီး အဲ့ဆုတွေကိုမရရင်တော့ အပိုင်းအစတွေကိုရရှိမှာဖြစ်ပါတယ်။ အဲ့အပြင် Zombie Mode ထဲမှာ Easter Egg တွေရှိနေပါသေးတယ်။ အာ့တွေကို ကိုယ်ကိုတိုင်ရှာဖွေရမှာဖြစ်ပြီး Hardcore Mode မှာပဲ Easter Egg ကိုရှာလို့ရမှာဖြစ်ပါတယ်။ XP ပြတဲ့နေရာမှာ မီးသီးလေးရှိနေပြီး အဲ့ဟာကိုနှိပ်လိုက်ရင် ရှာရမဲ့ဟာတွေကေို ဖော်ပြပါလိမ့်မယ်။ Easter Egg တွေအကြောင်းကိုတော့ နောက်မှာ ဖော်ပြသွားပါတော့မယ်။ 

သတင်းအရင်းမြစ် Lord Htun

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။