Mobile Legends ရဲ့အရပ်လေးမျက်နှာက Hero တစ်ယောက်ဖြစ်တဲ့ Ling ဟာဆိုရင်တော့ High Rank မှာ ပေါ်ပြီး သိပ်မကြာခင်မှာပဲ Ban ခံနေရပြီဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ ဖမ်းရခတ်ပြီး Late Game မှာ Damage တော်တော်များများ ပေးနိုင်လို့ဖြစ်ပါတယ်။ သွေးကတော့ပျော့ပေမဲ့လဲ တစ်ချက်တစ်ချက် နံရံပေါ်ကဆင်းလာပြီး ခုတ်ချက်တွေက သေလို့သေမှန်းတောင်မသိလိုက်ရပါဘူး။  

Skill 1 ကတော့ နံရံပေါ်တက်လို့ရတာဖြစ်ပြီး ဆင်းခုတ်ရင် Critical Damage ထိစေပါတယ်။ Skill 1 Level မြင့်လေ Critical Chance ပိုမြင့်လေပါပဲ။ Skill 2 ကတော့ ဓါးနဲ့ပြေးပြေးထိုးတာဖြစ်ပြီး Damage ထိစေပါတယ်။ နံရံပေါ်မှာရှိနေရင်တော့ ရန်သူဆိကိုပြေးဝင်ကာ နှေးစေပါလိမ့်မယ်။ Ultimate ကတော့ သူဟာကိုယ်ပျော်သွားပြီး ဓါးစက်ဝိုင်းကြီးပေါ်လာပြီး AOE Damage ပေးစေပါတယ်။  

အဲ့ကျလာတဲ့ ဓါးတွေကို လိုက်ကောက်ရင် ကိုယ်ဖော့လို့ရတဲ့ အဖြူတန်လေးပြည့်ပါလိမ့်မယ်။ Passive ကတော့ သူဟာနံရံပေါ်တက်နိုင်ပြီး အဲ့ပေါ်မှာနေရင် ကိုယ်ဖော့တဲ့ Point 2 ခုကိုအပိုပြန်ဖြည့်ပေးပြီး ရန်သူကို Damage ပေးတိုင်း 5 မှတ်ရစေပါတယ်။ Crit Chance 20 % ထိတိုးပေမဲ့ Crit Damage ကို ၅၀ရာခိုင်နှုန်းလျော့စေပါတယ်။ Battle ဆိုင်ရင်တော့ နံရံပေါ်အရင်တက်ထားပြီး Ulti သုံးပလိုက်ပါ။ Skill 2 နဲ့ Skill 1 ကိုသုံးရင် လူသတ်ပြီးတာနဲ့ နံရံပေါ်ပြန်တက်ပါ။ Item တွေကို Global 1 ဆိကနေဖော်ပြလိုက်ပါတယ်။ 

သတင်းအရင်းမြစ် : Lord Htun

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။