မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ် (MFF) မှ ကြီးမှူးကျင်းပတဲ့ လူငယ်မျိုးဆက်သစ် ဒိုင်လူကြီး သင်တန်း (၂/၂၀၁၉) သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့ (နိုဝင်ဘာ ၂၉ရက်) နေ့လည်ပိုင်းက သုဝဏ္ဏဘောလုံးကွင်း သတင်းစာရှင်းလင်းပွဲ ခန်းမတွင် ကျင်းပခဲ့ပါတယ်။ မြန်မာနိုင်ငံအနေနဲ့ ထူးချွန်ထက်မြတ်တဲ့ဒိုင်လူကြီး များစွာပေါ်ပေါက်လာစေရေးအတွက်ရည်ရွယ်ပြီ ကျင်းပပြုလုပ်တဲ့သင်းတန်းလေးဖြစ်ပါတယ်။အဲဒီသင်တန်းလေးကိုတော့ တိုင်းဒေသကြီးနှင့်ပြည်နယ် တွေကလူငယ် ဒိုင်လူကြီးတွေများစွာ သင်တန်းတက်ရောက်ခဲ့ပါတယ်။

Photo Credit - MFF
Photo Credit - MFF
Photo Credit - MFF
Photo Credit - MFF

ယခုအခမ်းအနားကို မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ် ဥက္ကဋ္ဌအကြံပေး ဉီးဘန်နီတင်အောင်၊ ဒိုင်ကော်မတီ ဥက္ကဋ္ဌ ဉီးဝင်းချို၊ ဒိုင်လုပ်ငန်းဌာန ဒါရိုက်တာ ဉီးထွန်းလှအောင် နှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ သင်တန်းဆရာများ တက်ရောက်ခဲ့ကြပြီး သင်တန်းသား/သူ များကို သင်တန်းဆင်းလက်မှတ်များ ပေးအပ်ချီးမြှင့်ခဲ့ပါသေးတယ်။  

Photo Credit - MFF
Photo Credit - MFF
Photo Credit - MFF

MFF လူငယ်မျိုးဆက်သစ် ဒိုင်လူကြီး သင်တန်းကို နှစ်စဉ် တစ်နှစ် ၂ကြိမ် ဖွင့်လှစ်လျက်ရှိပြီး ယခုသင်တန်းသည် ၂၀၁၉ ခုနှစ်အတွက် ဒုတိယအကြိမ်မြောက် သင်တန်းဖြစ်ပါတယ်။ ယင်းသင်တန်းကို နိုဝင်ဘာ ၂၃ရက်မှ ၂၉ရက် အထိ ဖွင့်လှစ်ခဲ့ပြီး မြန်မာနိုင်ငံ အနှံအပြားမှ သင်တန်းသား/သူ ၂၄ ဉီး တက်ရောက်ခဲ့ကြခဲ့ပါတယ်။ယခုလိုမျိုးဆက်သစ်လူငယ် ဒိုင်လူကြီး သင်တန်းဆင်းပွဲလေးကို ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit - MFF

Source - MFF

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။