ပထမဦးဆုံး သိသားထင်ရှားတဲ့ အချက်ကတော့ သင်နဲ့တွေ့တိုင်း "မျက်လုံးချင်း မဆိုင်ရဲတာပါ"။ မျက်စိက စိတ်ရဲ့ ပြတင်းပေါက်ဆိုတာ တစ်ကယ်မှန်ပါတယ်။ လူတွေက ဘယ်လောက်ပဲ လိမ်ညာလှည့်ဖြားတတ်ပါစေ သူရဲ့ မျက်ဝန်းထဲက အမှန်တရားကိုတော့ မဖုံးကွယ်ထားနိုင်ပါဘူး။ အကယ်၍ ဖုံးကွယ်ထားနိုင်မယ်ဆိုရင်တောင် မရှိသလောက်ရှားပါတယ်။ ဒါကြောင့်သင့်လက်တွဲဖော်မှာ နောက်တစ်ယောက်ရှိ/မရှိ သင်ချင်ရင် မျက်လုံးချင်ဆိုင်ပြီး မေးကြည့်ပါ။ အဖြေပေါ်လာပါလိမ့်မယ်။ မျက်စိနာနေတဲ့အချိန်တော့ သွားမမေးနဲ့ပေါ့နော်။

photo credit pngtree

သင့်လက်တွဲဖော်နဲ့ စကားပြောတဲ့အခါ သူပြောတာတွေကိုလည်း သေချာနားထောင်ကြည့်ပါ။ မဟုတ်တာ လုပ်ထားတဲ့သူက လှို့ဝှက်ထားတာတွေ ပေါ်ကုန်မှာဆိုးလို့ အသံတွေက တုန်တုန်ရီရီ ဖြစ်နေတတ်တာမျိုး၊ စကားတွေက ရှေ့နောက်မညီဘဲ ကဘောက်ထိ ကဘောက်ချာဖြစ်နေတတ်ပါတယ်။ ဘယ်လောက်ပဲ ဟန်ဆောင်ကောင်းတယ်ပြောပြော ကိုယ်၊ နှုတ် အမူအရာ၊ အပြောအဆိုတွေကို သတိထားကြည့်မယ်ဆိုရင် လိမ်/မလိမ်၊ ညာ/မညာ သိနိုင်ပါတယ်။

photo credit pngtree

နောက်အသိသာဆုံးအချက်ကတော့ သူတို့ဖုန်းကို လိုတာထက်ပိုပြီး အထိမခံ ရွှေပန်းကန် ဖြစ်နေတတ်ကြပါတယ်။ ဖုန်းထက် သူတို့ဖုန်းထဲက ဒေတာအချက်လက်တွေကို ယူစစ်မှာ၊ ယူကြည့်မှာ အမြဲကြောက်ရွံ့နေတတ်ကြပါတယ်။ ခဏလောက်ဖြစ်ဖြစ် ယူကြည့်တာမျိုးကိုတောင် ပုံပျက်၊ ပန်းပျက်ဖြစ်နေတယ်ဆိုရင် သင့်လက်တွဲဖော်ကို သတိထားစောင့်ကြည့်ဖို့ လိုအပ်ပါလိမ့်မယ်။ ဒါဟာ ဘာကိုဖော်ပြနေသလဲဆိုတာကတော့ သင့်နောက်ကွယ်မှာ မဟုတ်တာတစ်ခုခုကို လှို့ဝှက်ထားတယ် ဆိုတဲ့သဘောပါပဲ။

photo credit pngtree 

photo credit pngtree

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။