မနေ့ကရ(နိုဝင်ဘာ ၂၉ ရက်) ညနေပိုင်းက Rizal Memorial ကွင်းတွင် ယှဉ်ပြိုင်ကစားခဲ့သော ဆီးဂိမ်းစ် အမျိုးသား ဘောလုံးပြိုင်ပွဲ အုပ်စု (က) ပွဲစဉ်တွင် မြန်မာယူ-၂၂ အသင်းက တီမောယူ-၂၂ အသင်းကို ၃-၁ ဂိုးဖြင့် အနိုင်ရခဲ့ပါတယ်။မြန်မာယူ-၂၂ အသင်းအတွက် ဂိုးများကို ပွဲချိန် ၁၀ မိနစ်တွင် အောင်ကောင်းမာန်၊ ပွဲချိန် ၃၆ မိနစ်တွင် ထက်ဖြိုးဝေ၊ ပွဲချိန် ၅၄ မိနစ်တွင် လှိုင်းဘိုဘိုတို့က သွင်းယူခဲ့ကြပြီး တီမောအသင်းက ပွဲချိန် မိနစ် ၄၀ တွင် ချေပဂိုးတစ်ဂိုး ပြန်လည်သွင်းယူခဲ့ပါသေးတယ်။

Photo Credit - MFF
Photo Credit - MFF
Photo Credit - MFF

် မြန်မာယူ-၂၂ အသင်းနည်းပြ မစ္စတာပိုပေါ့ဗ်က ကိုင်တွယ်တာဖြစ်ပါတယ်။အုပ်စု (က) မှာတော့ ဖိလစ်ပိုင် ၊ မြန်မာ ၊ မလေးရှား၊ ကဗ္ဘောဒီးယား ၊ တီမောတို့ဖြစ်ပါတယ်။ အုပ်စု(က)ရဲ့အမှတ်ပေးဇယားရပ်တည်မှာတော့ ြ ကဗ္ဘောဒီးယား အသင်းကတော့ အုပ်စုရဲ့ဒုတိယနေရာရပ်တည်နေပါတယ်။

Photo Credit - MFF
Photo Credit - MFF

မြန်မာယူ-၂၂ အသင်း အနေဖြင့် ဒီဇင်ဘာ ၂ ရက်၊ မြန်မာစံတော်ချိန် ည ၆:၃၀ နာရီတွင် အုပ်စုနောက်ဆုံး ပွဲစဉ်အဖြစ် ကမ္ဘောဒီးယားယူ-၂၂ အသင်းနှင့် ကစားရမည် ဖြစ်ပါတယ်။ မြန်မာ ယူ-၂၂ အသင်းကလည်း ပရိသတ်တွေရဲ့ထပ်တူကျနိုင်တဲ့ ရလဒ်ကောင်းတွေရရှိဖို့အတွက် အကောင်းဆုံးခြေစွမ်းတွေပြသသွားမှာဖြစ်ပါတယ်။ ပရိသတ်တွေအတွက် မြန်မာ ယူ- ၂၂ အသင်းနှင့် တီမော ယူ- ၂၂အသင်းတို့ရဲ့ပုံရိပ်လေးတွေကို ပြန်လည်းတင်ဆက်ပေးလိုက်ပါတယ်။

Source - MFF

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။