ပရိသတ်ကြီးရေ အခုတစ်ခါတင်ဆက်ပေးမယ့် အကြောင်းအရာလေးကတော့ အမေရိကန်နိုင်ငံ၊ တက္ကဆတ်ပြည်နယ်မှ "အယ်လီ ဇဘက် စူလီဗင်" အမည်ရှိတဲ့ အဖွားအိုအကြောင်းပဲဖြစ်ပါတယ်။ သူမရဲ့ ထူးဆန်းတဲ့အသက်ရှည်နည်းလမ်းလေးက စိတ်ဝင်စားဖွယ်ကောင်းတာမလို့ မျှဝေပေးလိုက်တာပါနော်။ တစ်နေ့ကို ဆိုဒါပါတဲ့ အချိုရည်သုံးဗူးသောက်ပြီး ဘေးအန္တရာယ်မဖြစ်ဘဲ အသက်ရာကျော် နေထိုင်ခဲ့တယ်ဆိုရင် ယုံနိုင်ပါ့မလား ပရိသတ်ကြီး...။

photo credit pngtree

အဖွားဆိုက အသက် ၁၀၄ နှစ်မပြည့်မီ လွန်ခဲ့တဲ့ နှစ် ၄၀ကတည်းကပင် ဆိုဒါပါသော အချိုရည်ကို တစ်နေ့လျှင် သုံးဗူးသောက်ခဲ့တယ်လို့ဆိုပါတယ်။ အသက် ၁၀၄နှစ်ပြည့်တဲ့ ၂၀၀၅ခုနှစ် မတ်လတွင် သူမအသက်ရှည်ကျန်းမာမှုရဲ့ အထူးဆရာဝန်ဆိုတာ "Pepper"ဆိုတဲ့ အချိုရည်သာဖြစ်ပြီး "Doctor Pepper"လို့တင်စားပြောဆိုခဲ့ပါတယ်။

photo credit pngtree

အဖွား အယ်လိဇဘက်သည် အသက် ၆၀အရွယ်မှစ၍ အချိုရည်ကို စတင်သောက်သုံးခဲ့တာပါ။ အဖွားရဲ့ မိတ်ဆွေများက ကော်ဖီကိုအစားထိုးရန် ကြိုးပမ်းပြောဆိုခဲ့သော်လည်း မအောင်မြင်ခဲ့ပါဘူး။ အလားတူပင် ဆရာဝန်အချို့က အချိုရည်တွေကို နေ့စဉ်သောက်နေရင် အသက်တိုမယ်လို့ ပြောသော်လည်း ထိုဆရာဝန်များသာ သေဆုံးသွားခဲ့ပါတယ်။ အဖွားကတော့ အသက်ရှည်ကျန်းမာလျက် ကျန်ရစ်ခဲ့ပါတယ်။ အဘွား အယ်လိဇဘက်က အသက် ၁၀၄နှစ် ရှိနေသည့်တိုင် ကျန်းမာရေးကောင်းမွန်ကာ ဘိုးဘွားရိပ်သာသို့ သွားရောက်နေထိုင်ရခြင်း မရှိသည့်အပြင် စာဖတ်၊ရုပ်မြင်သံကြားကြည့်ကာသူ့ထံလာရောက်ကြသော လူအများနှင့် စကားပြောနေဆဲပင်ဖြစ်ပါတယ်။ ထူးဆန်းအံ့သြဖွယ် သတင်းကောင်းများကို အမြဲတင်ဆက်ပေးသွားမှာဖြစ်ပြီး ပရိသတ်ကြီးအနေနဲ့ like and follow လုပ်ထားဖို့တော့ လိုပါလိမ့်မယ်။

source မောင် သာ ရှေးဟောင်းသုတေသန

photo credit pngtree

photo credit pngtree

သတင်းယူရေးခွင့်ပေးတဲ့ "မောင် သာ ရှေးဟောင်းသုတေသန"ကို ကျေးဇူးတင်ရှိပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။