အီဂျစ် သမိုင်းဝင်အဆောက်အအုံများထဲမှ ထင်ရှားကျော်ကြားတဲ့ "Bent Pyramid" (ပိရမစ်ကွေး) အကြောင်းကို ပရိသတ်ကြီး စိတ်ဝင်စားဖွယ် ဖတ်ရှုရအောင် ဖော်ပြပေးသွားမှာဖြစ်ပါတယ်။ ရှေးဟောင်းအီဂျစ်နိုင်ငံသည် များပြားလှသော သမိုင်းဝင်အဆောက်အဦးများဖြင့် ကမ္ဘာပေါ်တွင် လူ့ယဉ်ကျေးမှုစတင် ထွန်းကားရာနယ်မြေဟု အသိအမှတ်ပြုခဲ့ကြတာ ဖြစ်ပါတယ်။

Photo credit pngtree

ထိုကွေးနေတဲ့ ပိရမစ်ကြီးကို အီဂျစ်နိုင်ငံ ဒါရှာမြို့တွင် မြင်တွေ့ရမှာဖြစ်ပါတယ်။ အီဂျစ် ဖာရိုတစ်ဦးဖြစ်သူ စနီဖာရူက တည်ဆောက်ခဲ့တာဖြစ်ပြီး ဒုတိယမြောက် ပိရမစ်ဖြစ်ပါတယ်။ ထိုပိရမစ်ကြီးသည် သဲကန္တာရအတွင်း ၅၅ဒီဂရီ တိမ်းစောင်းကာ မြေပြင်ပေါ်သို့ ထူးခြားစွာထိုးထွက်နေပြီး ၄၃ ဒီဂရီတိမ်းစောင်းလျက်ရှိပါတယ်။

Photo credit pngtree

ပိရမစ်ကွေးကို တည်ဆောက်ခဲ့တာနဲ့ ပတ်သက်ပြီး သီအိုရီများပေါ်ထွက်ခဲ့ပါတယ်။ မူလထောင့်ချိုး ၅၅ ဒီဂရီသည် မတ်စောက်လွန်းသဖြင့် အတွင်းပိုင်း လိုဏ်ခန်းအပေါ်တွင် အလေးချိန်များလာစေရန် ပြုလုပ်ခြင်းဖြစ်ကြောင်း ယူဆခဲ့ကြပါတယ်။ ထို့ကြောင့် လူသွားလမ်းများကို ပိုမိုကြီးထားရသည်ဟု ဆိုပါတယ်။ ထောင့်များကို ကျဉ်းလာအောင် လုပ်ရသည်ဟု တွက်ချက်ခဲ့ကြပါတယ်။ ထို့အပြင် ပိရမစ်ကွေးသည် အီဂျစ်နိုင်ငံရှိ ပိရမစ်များအနက် အပြင်ပိုင်းကို အချောသတ်ထားပြီး ထုံးကျောက် များဖြင့် တည်ဆောက်ထားသည့် တစ်ခုတည်းသော ပိရမစ်ဖြစ်ပါတယ်။

Source မောင် သာ ရှေးဟောင်းသုတေသန

Photo credit pngtree

Photo credit pngtree

သတင်းယူရေးခွင့်ပေးတဲ့ "မောင် သာ ရှေးဟောင်းသုတေသန"ကို ကျေးဇူးတင်ရှိပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။