များပြားလာသော ကွန်ပျူတာဖောက်ထွင်းဝိဇ္ဇာများ၏တို်က်ခိုက် မှုကြောင့် ကမ္ဘာအနှ့ံရှိ ဆေးရုံနှင့် ကုမ္ပဏီများထိခိုက်ခဲ့ကြောင်း ယနေ့သတင်းများတွင်ဖော်ပြခဲ့သည်။ ချက်နိုင်ငံတွင် အခြေပြု သည့် ဆိုက်ဘာလုံခြုံရေးကုမ္ပဏီ အဘက်စ်က အဆိုပါကြေညာ ချက်အား ယမန်နေ့က ကြေညာခဲ့ခြင်းဖြစ်သည်။

မေ ၁၂ ရက် တစ်ရက်တည်း၌ ကမ္ဘာ့ ၉၉ နိုင်ငံတွင် ဆိုက်ဘာတိုက်ခိုက်မှုပေါင်း ရ၅ဝဝဝ ဖြစ်ပွားခဲ့ကြောင်း၊ အဆိုပါ နိုင်ငံများတွင် ဗြိတိန်နှင့် ရုရှားနိုင်ငံများလည်းပါဝင်ကြောင်း၊ အဆိုပါ ဆိုက်ဘာလုံခြံုရေးကုမ္ပဏီက ကြေညာခဲ့သည်။ အမည် မသိ ဟက်ကာသမားများက ဝင်းဒိုးစနစ်ဖြင့်လည်ပတ်နေသည့် ကွန်ပျူတာများတွင် မယ်ဝဲလ်ဗိုင်းရပ်စ်များကိုထည့်ကာ တို်က်ခိုက်မှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

အဆိုပါ မယ်ဝဲလ်ဗိုင်းရပ်စ်သည် ကွန်ပျူတာအတွင်းရှိ ဖိုင်များ၊ အသုံးပြုသူ လျှို့ဝှက်ကုတ်များကို နှောင့်ယှက်ကာ သတင်းအချက်အလက်ပေါက်ကြားအောင် လုပ်ဆောင်ခြင်းဖြင့် လိုချင်သော သတင်းအချက်အလက်များကို ခိုးယူခြင်းဖြစ်သည်။

၄င်းတို့၏ ကွန်ပျူတာများ ဗိုင်းရပ်စ်အတိုက်ခံရပြီးနောက် ဗြိတိန်ရှိ ဆေးရုံဝန်ထမ်းများသည် လူနာများနှင့် ပတ်သက်သည့် အခန်းယူခြင်းများအား ဖျက်သိမ်းရန် ဖိအားပေးခိုင်းစေမှု ပြုလုပ် ခံရခြင်းတို့ကြံုတွေ့ခဲ့ရကြောင်းသိရသည်။ ဆို်က်ဘာတိုက်ခိုက် မှုများ ဆက်လက်ဖြစ်ပွားနိုင်သောကြောင့် အဘက်စ်ရှိ ကွန်ပျူတာကျွမ်းကျင်ပညာရှင်များက ကွန်ပျူတာအသုံးပြုသူ များကို သတိထားရန်ပြောကြားလိုက်သည်။

(အင်န်အိတ်ချ်ကေ)

Ref : Myanmaalinn

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။