ပရိသတ်ကြီးကို ဒီတစ်ပါတ်မှာ စိတ်ဝင်စားဖို့ကောင်းတဲ့ မှော်ဝင်ပန်းချီအကြောင်းကို ဖော်ပြပေးသွားမှာဖြစ်ပါတယ်။ ထိုပန်းချီပုံလေးက ရိုးရိုးလေးဆိုပေမယ့် နောက်ခံသမိုင်းကတော့ တစ်ကယ့်ကို ထူးဆန်း အံ့သြဖွယ်ကောင်းပါတယ်။ အီတလီ ပန်းချီဆရာ "Bruno Amadio" ဆိုသူက ကလေးငယ်လေးတွေရဲ့ ပုံတူပန်းချီပေါင်းများစွာကို ရေးဆွဲခဲ့ပါတယ်။

Photo Credit Once A Glance Page

သူ့ရဲ့ ပန်းချီလက်ရာကို အလွန်လူကြိုက်များလာခဲ့ပြီး မှော်ဝင်လက်ရာ ဟုတောင် တင်စားခေါ်ဝေါ်ခဲ့ကြပါတယ်။ သူရေးဆွဲခဲ့တဲ့ ပန်းချီပုံတွေက လက်ရာမြောက်လွန်းတဲ့အတွက်ကြောင့် ပုံထဲမှာငိုနေရင် ထိုပုံကိုကြည့်မိတဲ့ သူကလည်း ငိုချင်စိတ်တွေပေါ်ပေါက်လာစေတာဖြစ်ပါတယ်။ သူရေးဆွဲခဲ့တဲ့ ပန်းချီပုံများစွာထဲကမှ အလွန်အသက်ဝင်ပြီး လူအကြိုက်များဆုံးပုံကတော့ "Crying boy"ဆိုတဲ့ ဆီဆေး ပန်းချီပုံပဲဖြစ်ပါတယ်။ သူ့ပုံလေးက အသက်ဝင်လွန်းလို့ ဝယ်ယူတဲ့သူ၊ မှာယူတဲ့သူ တော်တာ် များများရှိခဲ့ပါတယ်။

Photo Credit pngtree

တစ်နေ့မှာတော့ "Yorkshire"မှာ ထူးဆန်းတဲ့ အဖြစ်အပျက်တစ်ခု ဖြစ်ပွားခဲ့ပါတယ်။ မီးလောင်တဲ့အိမ်တစ်အိမ်မှာ "Crying boy"ဆိုတဲ့ ပန်းချီကားလေးကို မီးသတ်သမားတွေက မီးကျွမ်းလောင်မှုမရှိဘဲ အကောင်းပကတိ အတိုင်းတွေ့ရှိခဲ့တာဖြစ်ပါတယ်။ ထိုသတင်းက ဥရောပတစ်ခွင်မှာ ဟိုလေးတကျော် နာမည်ကြီးသွားခဲ့ပါတယ်။ မီးသတ်သမား ကိုယ်တိုင်က "Crying boy" ပုံလေးကိုသာ ဆောင်ထားရင် အိမ်ကို မီးမလောင် စေနိုင်ကြောင်း တိုက်တွန်းခဲ့ပါတယ်။ အဲ့လိုနဲ့ ထိုပန်းချီကာလေးဟာ ရောင်းအားသွက်လာခဲ့ပြီး ပုံတူပန်းချီပေါင်းများစွာ ထွက်ရှိခဲ့ပါတယ်။ဒါပေမဲ့ လ အနည်းငယ်ကြာမှာတော့ ပြဿနာစတက်ခဲ့ပါတယ်။ ကျိမ်စာ (Ghost Curse)ကြောင့်လား ဒါမှမဟုတ် တိုက်ဆိုင်တယ်လို့ပဲ ဆိုရမလားပေါ့နော်။ ပန်းချီကား လေးကို မီးကွင်းအောင် ဆောင်ထား ကြတဲ့ အိမ်တော်တော် များများမှာ မီးလောင်မှုတွေဖြစ်ပွားခဲ့ပါတော့တယ်။ ဒါပေမဲ့ ထိုပန်းချီကား လေးကိုတော့ မီးကျွမ်းလောင်ခြင်း မရှိခဲ့ပါဘူး။ သတင်းစာတွေ ဂျာနယ်တွေ ထဲမှာ နာမည်ကြီးခဲ့ရာ နောက်ဆုံးမှာတော့ BBC ရုပ်သံဌာန ရဲ့ စစ်ဆေးမှုအရ ပန်းချီကားရဲ့ မျက်နှာပြင်ဆေးသားဟာ မီးလောင်ခြင်းကို ကာကွယ်နိုင်တာမလို့ဆိုတာကို ထုတ်ပြန်ခဲ့ပေမယ့် ရှေးရိုးစွဲ ဝါဒီ ပြည်သူများကတော့ ဒါဟာ ပန်းချီဆရာရဲ့ ကျိမ်စာတစ်ခုကြောင့်လို့ ယုံကြည်နေကြပါတယ်။ ပရိသတ်ကြီးရဲ့ ထင်မြင်ယူဆချက်လေးကိုလည်း ပြောပြပေးသွားပါဦးနော်။

Source Once A Glance Page

Photo Credit pngtree 

Photo Credit Once A Glance Page

သတင်းယူရေးခွင့်ပေးတဲ့ "သံ ဇဉ် မိုးဇတ်"ကို ကျေးဇူးတင်ရှိပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။