ပရိသတ်ကြီးရေ ပြည်သူချစ်မင်းသမီးချောလေးတစ်ယောက်ဖြစ်တဲ့ ချောရတနာကတော့ ယခုချိန်မှာဆိုရင် အနုပညာအလုပ်တွေကို အနည်းအကျဉ်းသာပြန်လည်လုပ်ဆောင်နေပြီး မိသားစုလေးကိုသာအချိန်ပြည့်ဂရုစိုက်ပေးနေတာဖြစ်ပါတယ်။ချောရတနာရဲ့မိသားစုလေးကလည်း အရမ်းနွေးထွေးပြီးပျော်စရာကောင်းလို့ ပရိသတ်တွေကအားကျနေကြတာဖြစ်ပါတယ်။

Photo Credit:Chaw Yadanar's Facebook
Photo Credit:Chaw Yadanar's Facebook
Photo Credit:Chaw Yadanar's Facebook

ချောရတနာက သားတစ်ယောက် သမီးတစ်ယောက်ကိုမွေးဖွားထားပြီး ကလေးတွေကလည်းအရမ်းချစ်စရာကောင်းကြပါတယ်။ချောရတနာရဲ့အိမ်ထောင်သက်တမ်းကတော့ ၁၂နှစ်ပြည့်သွားပြီဖြစ်လို့ ချည်ရတုတိုင်သွားပါပြီနော်။ချောရတနာတို့ဇနီးမောင်နှံနှစ်ယောက်က နှစ်တွေဘယ်လောက်ကြာကြာ မပြောင်းလဲတဲ့ချစ်ခြင်းတွေနဲ့ အေးအတူပူအမျှလက်တွဲနေကြတာပါ။

Photo Credit:Chaw Yadanar's Facebook
Photo Credit:Chaw Yadanar's Facebook
Photo Credit:Chaw Yadanar's Facebook

အခုဆိုရင်တော့ ချောရတနာက"ရည်းစားဘဝနဲ့ချစ်ခဲ့တာ ၅နှစ် , အိမ်ထောင်သက် ၇နှစ် ၂၀၀၂ လောက်ထဲက သူကြိတ်ကြွေနေရှာတာ အဲ့လယ် မပြောတော့ပါဘူးနော် ၂၀၀၇ မှာ ပြန်တွေ့ ပြီး ရေစက်ပြန်စုံတယ် ကြားထဲမှာ သူ ချစ်ချစ်လေး ဘယ်နှစ်ယောက်တွေ့ခဲ့လဲ မပြောတော့ဘူးနော် Anniversary ဆို လေအမှတ်တရ မိန်းမကိုလက်ဆောင်ပေးရတယ် ဆိုတာ မပြောတော့ပါဘူးနော် အဲ့လယ် ၁၂နှစ်ပြည့်သွားပြီနော်"ဆိုပြီး အမှတ်တရပုံရိပ်လေးတွေကိုမျှဝေလာတာဖြစ်ပါတယ်။

Photo Credit:Chaw Yadanar's Facebook
Photo Credit:Chaw Yadanar's Facebook
Photo Credit:Chaw Yadanar's Facebook

Photo Credit:Chaw Yadanar's Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။