ပရိသတ်ကြီးရေ....ဒီတစ်ပါတ်မှာတော့် ဒဂျိုဇာဟု အမည်ရသည့် လှေကားထစ်များအသွင် အံ့သြဖွယ်တည်ဆောက်ထားတဲ့ ရှေးဟောင်းပိရမစ်အကြောင်းကို ဖော်ပြပေးသွားမှာဖြစ်ပါတယ်။ ရှေးဟောင်းအီဂျစ်နိုင်ငံတွင် ဘုရင်၊ ဘုရင်မ အသီးသီးတို့ ဆောက်လုပ်ခဲ့ကြတဲ့ ဗိမာန်များ၊ ပိရမစ်များကို ယခုထိတိုင်တွေ့မြင်ရမှာဖြစ်ပါတယ်။

Photo credit pngtree

ထိုလှေကားထစ် ပိရမစ်သည် စက်ကရာ မြို့ပြဒေသတွင် တည်ရှိပါတယ်။ ဘီစီ ၂၇ ရာစု အတွင်းက ကွယ်လွန်ခဲ့သူ ဖာရို ဒဂျိုဇာအား မြှုပ်နှံရန် တည်ဆောက်ခဲ့တာဖြစ်ပါတယ်။ ရှေးဟောင်း ပိရမစ်အား ထိပ်ပိုင်းကို ပြားကာ တည်ဆောက်သည့် အစဉ်အလာရှိခဲ့သော်လည်း ဖာရို ဒဂျိုဇာ အုပ်စိုးခဲ့သည့် နောက်ပိုင်းတွင် ဒဂျိုဇာ ပိရမစ် အား လှေကားဆင့် ခြောက်ဆင့်ပုံစံပြုလုပ်ခဲ့တာဖြစ်ပါတယ်။

Photo credit pngtree

ထိုလှေကားထစ်ပုံစံ ပရိမစ်ကြီးကို အမြင့်ပေ ၆၂ မီတာ(၂၀၄ ပေ) အထိ ဆောက်လုပ်ခဲ့တာဖြစ်ပါတယ်။ လှေကားထစ် ပိရမစ် တွင် ဖာရို မြှုပ်နှံသည့် အဆောင်ကို ရှေးဦးပိုင်း ပိရမစ် များ၏ ဂူများအတိုင်း မြေအောက်တွင် ဝင်္ကပါ တူးမြောင်း လမ်း များ အကြား သိုဝှက်တည်ဆောက်ထားတာဖြစ်ပါတယ်။ အခုဖော်ပြသွားခဲ့တဲ့ လှေကားထစ် ပိရမစ်အကြောင်းကို ပရိသတ်ကြီးစိတ်ဝင်စားကြမယ်လို့ ယုံကြည်ပါတယ်။ ကမ္ဘာအနှံ့ရှိထူးခြားအံ့သြဖွယ် သတင်းများကိုတင်ဆက်ပေးနေတာမလို့ like and follow လုပ်ထားဖို့တော့ မမေ့ပါနဲ့ဦးနော်။

Source မောင် သာ ရှေးဟောင်းသုတေသန

Photo credit pngtree 

Photo credit pngtree
သတင်းယူရေးခွင့်ပေးတဲ့ "မောင် သာ ရှေးဟောင်းသုတေသန"ကို ကျေးဇူးတင်ရှိပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။