ပရိသတ်ကြီးရေ.....ဒီတစ်ပါတ်မှာတော့ အမဲလိုက်ပင့်ကူ "Spider predators"နဲ့ နဂျယ်ကောင် "Wasp"တွေရဲ့ ရင်နာစရာအဖြစ်အပျက်ကို စိတ်ဝင်စားဖွယ်သိရှိရအောင် ဖော်ပြပေးသွားမှာဖြစ်ပါတယ်။ အမဲလိုက်ပင့်ကူလေးတွေ သူ့ရင်သွေးငယ်လေးများကို ကိုယ်ဝန်လွယ်ထားစဉ်ကာလမှာ နဂျယ်ကောင် "Wasp" တွေနဲ့ ရင်ဆိုင်တွေ့ရမှာကို ကမ္ဘာပျက်မတတ်အောင် ကြောက်ကြပါတယ်။

Photo Credit Once A Glance Page

ထိုအမဲလိုက် ပင့်ကူလေးတွေ အစာရှာထွက်လာတဲ့အခါမှာ ကံမကောင်းစွာဘဲ ကိုယ်ဝန်ဆောင် နဂျယ်ကောင် အမနဲ့တွေ့ရင်တော့ ပင့်ကူလေးတွေ ဘဝက မီးလို ပူလောင်ရတော့တာဖြစ်ပါတယ်။ နဂျယ်ကောင်ရဲ့ အသက်ရှင် ရပ်တည်ဖို့အတွက် သဘာဝကပေးထားတဲ့ တာဝန်ကလည်း မသေးပါဘူး။ နဂျယ်ကောင် သားလောင်းလေးတွေဟာ အမိဝမ်းက ထွက်ထွက်ခြင်း ဝမ်းတွင်းစား သတ္တဝါ ( parasite ) အဖြစ် ရက်အတော်အတန်ကြာ ပင့်ကူဗိုက်ထဲ မှာ နေထိုင်ပြီး ပင့်ကူရဲ့ သားလောင်းလေးများကို စားသောက်နေထိုင်ရတာမလို့ဖြစ်ပါတယ်။

Photo Credit Once A Glance Page

သက်မှတ်ထားတဲ့ရက် ပြည့်ပြီဆိုရင်တော့ ပင့်ကူရဲ့ ဗိုက်ထဲကနေ အပြင်လောကသို့ ရောက်ရှိလာပါတော့တယ်။ ဆိုလိုတာကတော့ သူအသက်ရှင် နေထိုင်ဖို့ ပင့်ကူမကြီး ဗိုက်ထဲက အဓိကကျတဲ့ ဝမ်းတွင်း ကလီစာများကို မစားဘဲ ပင့်ကူမကြီးလည်းမသေ နဂျယ်ကောင် ပေါက်လေးလည်း အသက်ရှင် အောင် လိုအပ်တဲ့ ပင့်ကူဝမ်းတွင်း အပိုင်းများကိုသာ ကိုက်ဖဲ့စားသုံး ပြီး နဂျယ်ကောင်ပေါက်လေးက အသက်ရှင်တာရတာဖြစ်ပါတယ်။ ထို့ကြောင့် ပင့်ကူ မိခင်လောင်းနှင့် နဂျယ်ကောင်မိခင်လောင်းတို့ ရင်ဆိုင်တွေ့ကြရင်တော့ အမဲလိုက်ပင့်ကူမက အဆိပ်အပြင်းဆုံး( Poison power degree ) ထုတ်သုံးပြီး ရင်ဆိုင်ပေမယ့်လည်း နဂျယ်ကောင်ရဲ့ အဆိပ်ကိုတော့ မယှဉ်နိုင်ဘဲ မူးမေ့ လဲကျသွားပါတယ်။ ထိုမူးမေ့နေစဉ်အတွင်းမှာဘဲ ပင့်ကူမရဲ့ ဝမ်းဗိုက်ထဲကို နဂျယ်ကောင်က သူ့သားလောင်းလေးကို ထိုးသွင်းပြီး ပင့်ကူကို တစ်ခြားသတ္တဝါတွေရဲ့ ရန်က လုံခြုံ အောင် သက်မှတ်ထားတဲ့နေရာမှာထားပြီး နဂျယ်ကောင် ပေါက်လေး ထွက်လာမည့် အချိန်အထိ စောင့်ကြပ်လေ့ရှိတာဖြစ်ပါတယ်။

Source Once A Glance Page

Photo Credit Once A Glance Page

Photo Credit Once A Glance Page
Photo Credit Once A Glance Page
Photo Credit Once A Glance Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။