ပဲခူးတိုင်းဒေသကြီး မင်းလှမြို့နယ် သစ်တောကန်အုပ်စု လူပျိုကြီးကွင်းမြောက်စု ကျေးရွာနေ ဦးလှမင်း၏လယ်ကန်သင်းကျွဲလမ်းမှ ခြံမြေဖို့ရန် မေ ၁၂ ရက် နံနက် ပိုင်းက အလုပ်သမားများဖြစ်ကြသော ဦးအောင်သိုက်၊ ဦးဝင်းမောင်၊ ဦးဇော်ဝင်းတို့သည် မြေတူးဖော်စဉ် စစ်ကျန်ဟုယူဆရသော သေနတ်ကျည်ဆန်များ တွေ့ရှိခဲ့ကြောင်း သိရသည်။

အဆိုပါနေရာသို့ စစ်ကွင်းမြို့အုပ်ချုပ်ရေးမှူး၊ စစ်ကွင်းမြို့စခန်းမှူး ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် ရပ်မိရပ်ဖများက ဆက်လက်ရှာဖွေ စစ်ဆေးခဲ့ရာ စစ်ကျန်ဟုယူဆရ သော ပွိုင့်ဖိုက်(၅) ကျည်အဟောင်း ၁ဝ၄ တောင့်နှင့် ၅ ဒသမ ၅၆ ကျည်ဟုယူဆရသော ကျည်အဟောင်း ရှစ်တောင့် စုစုပေါင်း ၁၁၂ တောင့် ရှာဖွေတွေ့ရှိခဲ့ပြီး စစ်ကွင်းနယ် မြေရဲစခန်းကသိမ်းဆည်းပြီး နယ်မြေခံတပ်သို့ ပေးအပ်နိုင်ရေး ဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။

ပေါက်စ(မင်းလှ)

Ref : Myanmaalinn

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။