အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ အမျိုးသမီးဘောလုံး ပြိုင်ပွဲဝင် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းဟာ မလေးရှားလက်ရွေးစင်အမျိုးသမီးအသင်းနဲ့ ပွဲစဉ်အတွက် ဒီဇင်ဘာ (၁)ရက် နံနက်ပိုင်းက ဖိလစ်ပိုင်နိုင်ငံ Binanမြို့ရှိ Binan အားကစားကွင်းတွင် လေ့ကျင့်ရေး အစီအစဉ်များပြုလုပ်ခဲ့ပါတယ်။

PHOTO CREDIT: MFF 'S FACEBOOK
PHOTO CREDIT: MFF 'S FACEBOOK
PHOTO CREDIT: MFF 'S FACEBOOK

မြန်မာလက်ရွေးစင် အမျိုးသမီးအသင်းဟာ အုပ်စု (က) နောက်ဆုံးပွဲစဉ်အဖြစ် မလေးရှားအသင်းနှင့် ဒီဇင်ဘာ ၂ရက် မြန်မာစံတော်ချိန် ၂နာရီ ၃၀မိနစ်တွင် ယှဉ်ပြိုင်ရမည်ဖြစ်ပါတယ်။ မြန်မာလက်ရွေးစင်အမျိုးသမီးအသင်းဟာ အိမ်ရှင်အသင်းဖြစ်တဲ့ ဖိလစ်ပိုင်အသင်းကို သရေကစားထားခဲ့တာပဲ ဖြစ်ပါတယ်။

PHOTO CREDIT: MFF 'S FACEBOOK
PHOTO CREDIT: MFF 'S FACEBOOK
PHOTO CREDIT: MFF 'S FACEBOOK

မြန်မာလက်ရွေးစင်အမျိုးသမီးနဲ့ မလေးရှားလက်ရွေးစင်အမျိုးသမီးအသင်းရဲ့ ပွဲစဉ်တွေကို ယနေ့၂နာရီ၃၀မှာ ကစားကြမည်ဖြစ်သလို အုပ်စုနောက်ဆုံးပွဲစဉ်အဖြစ် မြန်မာလက်ရွေးစင်အမျိုးသားယူ၂၂အသင်းနဲ့ ကမ္ဘောဒီးယား အမျိုးသားယူ၂၂အသင်းတို့ရဲ့ ပွဲစဉ်တွေကို ယနေ့ညနေ၆နာရီ ၃၀မှာ ယှဉ်ပြိုင်ကစားကြမည်ဖြစ်ပါတယ်။

SOURCE:MFF  

PHOTO CREDIT: MFF 'S FACEBOOK
PHOTO CREDIT: MFF 'S FACEBOOK

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။