အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ အမျိုးသားဘောလုံး ပြိုင်ပွဲဝင် မြန်မာ့လက်ရွေးစင် အမျိုးသားအသင်းဟာ ယနေ့ညနေ၆နာရီခွဲမှာတော့ ကမ္ဘောဒီးယားလက်ရွေးစင်အမျိုးသားအသင်းနဲ့ အုပ်စုနောက်ဆုံးပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားကြမှာပဲ ဖြစ်ပါတယ်။ မြန်မာလက်ရွေးစင်အသင်းဟာ ကမ္ဘောဒီးယားအသင်းကို သရေကစားရုံနဲ့ ဆီးမီးဖိုင်နယ်ကို အုပ်စုဗိုလ်အဖြစ် တတ်ရောက်ခွင့်ရမှာဖြစ်ပါတယ်။

PHOTO CREDIT: MFF 'S FACEBOOK
PHOTO CREDIT: MFF 'S FACEBOOK

မြန်မာ့လက်ရွေးစင် အမျိုးသားယူ၂၂အသင်းကတော့ ၃ပွဲကစားအပြီး ၂ပွဲအနိုင်ရရှိကာ ၁ပွဲသရေနဲ့ အုပ်စုထိပ်မှာ ရမှတ်၇မှတ်နဲ့ ရပ်တည်နေတာပဲ ဖြစ်ပါတယ်။ အုပ်စုဒုတိယအဖြစ် ယနေ့မှာ မြန်မာအသင်းနဲ့ ကစားမယ့် ကမ္ဘောဒီယားလက်ရွေးအမျိုးသားအသင်းက ရမှတ်၄မှတ်နဲ့ ရပ်တည်ထားတာပဲ ဖြစ်ပါတယ်။ 

PHOTO CREDIT: MFF 'S FACEBOOK
PHOTO CREDIT: MFF 'S FACEBOOK

အုပ်စုတတိယအဖြစ် ဖိလစ်ပိုင်အသင်းက ရမှတ်၄မှတ်နဲ့ ရပ်တည်နေတာပဲ ဖြစ်ပါတယ်။ ကမ္ဘောဒီယားလက်ရွေးအမျိုးသားအသင်းအနေနဲ့ ခြေစွမ်းပိုင်းတိုးတတ်လာတဲ့ အသင်းဖြစ်ပြီး အုပ်စုတွင်းမှာ ခြေစွမ်းကောင်းတွေကို ပြသထားနိုင်ခဲ့တာကြောင့် မြန်မာလက်ရွေးအသင်းအနေနဲ့ ကမ္ဘောဒီယားလက်ရွေးအမျိုးသားအသင်းတို့ရဲ့ ပွဲစဉ်ကို ပရိသတ်တွေအနေနဲ့ စောင့်ကြည့်နေကြပါတယ်။

SOURCE: MFF 'S FACEBOOK 

PHOTO CREDIT: MFF 'S FACEBOOK
PHOTO CREDIT: MFF 'S FACEBOOK

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။