Myanmarload facebook Page ကနေ အနုပညာသတင်း၊ အားကစားသတင်း၊ ဗဟုသုတသတင်းစုံလင်ကို အချိန်နဲ့ တပြေးညီတင်ဆက်ပေးနေတာမလို့ အမြဲ update ဖြစ်ရအောင် like and follow လုပ်ထားဖို့တော့ လိုပါလိမ့်မယ်။ အခုတစ်ခါမှာဆိုရင် ကမ္ဘာအနှံ့ရှိ ထူးခြားဆန်းပြားဖွယ်အကြောင်းအရာ အမျိုးမျိုးကိုတင်ဆက်ပေးနေတဲ့ ဗဟုသုတသတင်း ကဏ္ဍကနေ "ဘိုလီးဘီးယား" (Bolivia) နိုင်ငံမှာရှိတဲ့ အံ့သြဖွယ်ကောင်းပြီး ကမ္ဘာအနှံ့ကခရီးသွားတွေ မျက်စိကျရာတဲ့ နေရာလေးကို ဖော်ပြပေးသွားမှာဖြစ်ပါတယ်။

Photo Credit Once A Glance Page

ခရီးသွား ဝါသနာပါတဲ့ ကိုကို၊ မမ တွေအထွက် စိတ်ဝင်စားကြမယ်လို့ ယုံကြည်ပါတယ်နော်။ ပြည်တွင်းခရီးတွေကို နေရာအနှံ့စုံလင်အောင် လည်ပတ်ပြီးသွားတဲ့သူတွေအနေနဲ့ ပြည်ပကိုခြေဆန့်ချင်တယ်ဆိုရင် admin အခုဖော်ပြပေးမယ့် နေရာလေးကို ထည့်သွင်းစဉ်းစားကြလိမ့်မယ်လို့ ယုံကြည်ပါတယ်နော်။ ပင်လယ်ကမ်းခြေတွေ၊ လှပတဲ့ရှုခင်းတွေရဲ့ သဘာဝအရသာကို ခံစားရတာ နှစ်သက်သူတွေအတွက် "ဘိုလီးဘီးယား" နိုင်ငံရှိ ကမ္ဘာ့ကြီးဆုံး ဆားပြင်ကြီးက သင့်ကိုကြိုဆိုနေပါတယ်။

Photo Credit Once A Glance Page

ပရိသတ်ကြီးရေ......ထိုစားပြင်ကြီးက ကျယ်ပြန့်ကြီးမားလွန်းတာမလို့ ကမ္ဘာ့အကြီးဆုံးမှန်လို့တောင် တင်စားခေါ်ဝေါ်ကြပါတယ်။ ဘာကြောင့်ခေါ်ဝေါ်ရသလဲဆိုတော့ ကောင်းကင်ပေါ်ကတိမ်တိုက်တွေက ကြည်လင်တဲ့ ဆားပြင်ပေါ်မှာ အလင်းပြန်ပြီး မှန်လိုသဖွယ် မြင်နေရလို့ဖြစ်ပါတယ်။ ထိုဆားပြင်ကြီးရဲ့ အကျယ်အဝန်းကတော့ ၁၀၅၈၂ စကွဲးယားကီလိုမီတာခန့် ကျယ်ဝန်းပြီး ကြည်လင်တဲ့ရေတွေက ဘေးပတ်တ်လည်မှာ ဝန်းရံလျက်ရှိတာဖြစ်ပါတယ်။ စာဖတ်သူတို့အနေနဲ့ အဆိုပါသတင်းကို ပုံရိပ်တွေနဲ့တကွ တင်ဆက်ပေးထားတာမလို့ နှစ်သက်ကြမယ်လို့ မျှော်လင့်ပါတယ်။ နောင်လည်း adminနဲ့အတူ "ကမ္ဘာ့အကြီးဆုံးမှန်"လို ထူးဆန်းအံ့သြဖွယ်ကောင်းတဲ့ နေရာမျိုးကို အတူလျှောက်လည်ကြဖို့ ဖိတ်ခေါ်ပါတယ်နော်။

Source Once A Glance Page

Photo Credit pngtree 

Photo Credit pngtree

သတင်းယူရေးခွင့်ပေးတဲ့ "သံ ဇဉ် မိုးဇတ်" ကိုကျေးဇူးတင်ရှိပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။