အောင်မြင်တဲ့ အနပညာရှင်တစ်ယောက်ဖြစ်သလို ပရိသတ်တွေရဲ့ အချစ်ကို ရရှိနေပြီး အကယ်ဒမီဆုတွေကိုလဲ ရရှိပိုင်ဆိုင်ထားတဲ့ အေးမြတ်သူကတော့ ပါးချိုင့်လေးနှစ်ဖက်နဲ့ ပြုံးရယ်လိုက်တိုင်း အရမ်းကို ချစ်ဖို့ကောင်းနေတတ်သူလေးပဲ ဖြစ်ပါတယ်။ သူမကတော့ အကယ်ဒမီရွှေစင်ရုပ်ထုကြီးကို ပိုင်ဆိုင်နိုင်တဲ့ အထိ အောင်မြင်နေတဲ့ အနပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။

photo credit : Aye Myat Thu ' s facebook
photo credit : Aye Myat Thu ' s facebook

သူမကတော့ ယခုမှာချစ်ရတဲ့ မိဘတွေ ရင်းနှီးတဲ့မိတ်ဆွေတွေနဲ့အတူ လူစုံတတ်စုံဘုရားဖူးသွားနေခဲ့ပါတယ်။ သူမကတော့ " အေးဗုံ နှင့် ချစ်ရတဲ့ဆွေမျိုးများ ဘုရားဖူးဖေချစ်မေချစ်ဆွေချစ်တို့အဖွဲ.... လူတော်တော်စုံတဲ့ဘုရားဖူးအဖွဲ့ကြီး၂၀၂၀ ကို ...၂၀၁၉ ထက် အလုပ်တွေအများကြီးပိုလုပ်မယ် ...မိသားစု/ဆွေမျိုးတွေနဲ့ ခရီးတွေအများကြီးသွားမယ်ရှင့် " ဆိုပြီး ပြောထားခဲ့ပါတယ်။

photo credit : Aye Myat Thu ' s facebook
photo credit : Aye Myat Thu ' s facebook

သူမကတော့ " အဖေနဲ့အမေကို ..ချစ်ရင်း .....သူတို့ချစ်တဲ့သူတွေကိုလိုက်ချစ်ရတာလည်း.... စိတ်ချမ်းသာပျော်ရွှင်ရပါတယ်ချစ်ရသူတို့လည်း ... ကိုယ်ချစ်တဲ့သူ ရဲ့ ချစ်ရသူတွေကိုလိုက်ချစ်ပေးရင်း စိတ်ချမ်းသာခြင်းကို ရရှိကြပါစေမိသားစု ၄ယောက် အပြင်အဖိုး..ဘကြီး..ကြီးတော် .. ဦးလေး..အဒေါ်..ညီမ အစုံ ရွာက ဘုရားဖူးအဖွဲကြီး...ချီတက် " ဆိုပြီး ကြည်နူးစရာပုံရိပ်လေးနဲ့အတူ ရေးသားထားခဲ့ပါတယ်။

SOURCE: Aye Myat Thu ' s facebook 

photo credit : Aye Myat Thu ' s facebook
photo credit : Aye Myat Thu ' s facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။