မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းဟာ အကြိမ် ၃၀မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ၊ အမျိုးသမီးဘောလုံး အုပ်စု (က) နောက်ဆုံးပွဲစဉ်အဖြစ် မလေးရှားအသင်းနဲ့ ယနေ့ (ဒီဇင်ဘာ ၂ရက်) မြန်မာစံတော်ချိန် ၂နာရီ ၃၀မိနစ်မှာ ဖိလစ်ပိုင်နိုင်ငံ၊ Binãn အားကစားကွင်းအတွင်း ယှဉ်ပြိုင်ကစားရတော့မှာ ဖြစ်ပါတယ်။အုပ်စုတက်ရေး အဆုံးအဖြတ်ပွဲစဉ်အဖြစ်ယှဉ်ပြိုင်ရမယ့် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်း၊ ရခိုင်ယူနိုက်တက်အသင်းပိုင်ရှင် ဦးဇော်မင်းသိန်းနဲ့အဖွဲ့က အသင်းနေထိုင်ရာ White Woods Hotel ကိုလာရောက်တွေ့ဆုံ အားပေးခဲ့ပါတယ်။

Photo Credit - MFF
Photo Credit - MFF

မြန်မာအသင်းပါဝင်တဲ့ အုပ်စု (က) မှာ အိမ်ရှင် ဖိလစ်ပိုင်၊ မြန်မာ၊ မလေးရှားအသင်းတို့ ယှဉ်ပြိုင်နေပြီး အိမ်ရှင် ဖိလစ်ပိုင်အသင်းက ၂ပွဲ ကစား၊ ရမှတ် ၄မှတ်နဲ့ ဆီမီးဖိုင်နယ်အဆင့်ကို တက်ရောက်ခဲ့ပြီးဖြစ်ပါတယ်။ မြန်မာအသင်းဟာ အုပ်စုအဆင့်ကို ကျော်ဖြတ်နိုင်ရေးအတွက် ယနေ့ပွဲစဉ်ကို အနိုင်ရရှိဖို့လိုပြီး အုပ်စု ပထမရဖို့ မလေးရှားအသင်းကို သွင်းဂိုး ၆ဂိုးနဲ့ အထက်သွင်းယူရမှာ ဖြစ်ပါတယ်။မြန်မာပရိသတ်တွေအတွက် အကောင်းဆုံးရလဒ်ကောင်းတွေရရှိနိုင်မဲ့ပွဲလေးတစ်ပွဲပဲဖြစ်ပါတယ်။

Photo Credit - MFF
Photo Credit - MFF
Photo Credit - MFF

အုပ်စု (ခ)မှာတော့ ထိုင်း၊ ဗီယက်နမ်၊ အင်ဒိုနီးရှားအသင်းတို့ ယှဉ်ပြိုင်နေပြီး ဗီယက်နမ်အသင်းက (၂)ပွဲကစား ရမှတ် (၄)မှတ်နဲ့ ဆီမီးဖိုင်နယ်ကို တက်ရောက်ခဲ့ပြီး ဖြစ်ပါတယ်။ ထိုင်းအသင်းကတော့ ယနေ့ မနီလာမြို့မှာ ယှဉ်ပြိုင်မယ့် အင်ဒိုနီးရှားအသင်းနဲ့ပွဲမှာ အနိုင်ရရှိဖို့လိုအပ်ပြီး အုပ်စု ပထမနေရာအတွက် သွင်းဂိုး (၇)ဂိုးနဲ့အထက် သွင်းယူရမှာ ဖြစ်ပါတယ်။

Source - MFF

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။