တစ်ခြောက်လုံးဆုံသည့်နေ့ဖြစ်သော နိုဝင်ဘာလ ၁၁ရက်နေ့၊ ၂၀၁၁ခုနှစ်တွင် အကယ်ဒမီပြေတီဦး အပါအဝင် မြန်မာ့ရုပ်ရှင်လောက၏ ထိပ်တန်း ခြောက်ယောက်( အကယ်ဒမီ လူမင်း၊ အကယ်ဒမီ ပြေတီဦး၊ အကယ်ဒမီ နေတိုး၊ အကယ်ဒမီ ခန့်စည်သူ၊ မြင့်မြတ်၊ ဒါရိုက်တာ ဝိုင်း) သည် မြန်မာ့ အနုပညာ အကျိုးကို မျှော်မှန်း၍ အနုပညာပျိုးခင်း ကို စတင်တည်ထောင်ခဲ့ပြီး မင်းသမီး အသစ် ၃ဦးကို ပရိတ်သတ်နှင့် မိတ်ဆက်ခဲ့သည်။ 

လက်ရှိတွင် အနုပညာပျိုးခင်းမှ တင်ထားသော မင်းသမီး သုံးလက်ရှိပြီး ၎င်းတို့မှာ ယုသန္တာတင်၊ အိချောပိုနှင့် ရွှေမှုန်ရတီတို့ဖြစ်သည်။

မင်းသမီး ၃ယောက်သည် မင်းသား တစ်ယောက်လျှင် ၃ကားစီဖြင့် စုစုပေါင်း ၁၅ကားကို ၂နှစ်အတွင်း ရိုက်ခွင့်ရရှိမည်ဖြစ်သည်။

Source: ပြေတီဦးအကြောင်း စွယ်စုံကျမ်း(ထိုခေတ်မှတ်တမ်းများအထိသာ)

Aung 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။