ဒီတစ်ခါမှာတော့ ချစ်ပရိသတ်ကြီးကို ကျိန်စာသင့်နေသည်ဟု သတင်းဆိုးနဲ့ ကျော်ကြားတဲ့ အီတလီနိုင်ငံရှိ "အိုင်စိုလာလာ ဂလိုလာ" (Gaiola Island) ကျွန်းအကြောင်းကို စိတ်ဝင်စားဖွယ်ဖြစ်အောင် ဖော်ပြပေးသွားမှာဖြစ်ပါတယ်။ ကျွန်းများပေါ်တွင် နိုင်ငံတည်ထားတာရှိသလို၊ အချို့ကလည်း အပန်းဖြေစခန်း၊ အကျဉ်းထောင်၊ ဘေးမဲ့တော၊ စိုက်ခင်းသဖြင့် အမျိုးမျိုးသတ်မှတ်ကြရာ ယခုဖော်ပြပေးမယ့်ကျွန်းကတော့ သွားရောက်လည်ပတ်ခြင်းကို တားမြစ်ပိတ်ပင်ထားတဲ့ အစွန့်ပစ်ခံကျွန်းတစ်ကျွန်းပဲ ဖြစ်ပါတယ်။ ဘာကြောင့် အခုလိုဖြစ်လာရသလဲ ဆိုတာကို သိချင်နေပြီမလား ပရိသတ်ကြီး...။

Photo credit pngtree

အီတလီနိုင်ငံ၊ ကျွန်းတစ်ကျွန်းတွင် ကံကြမ္မာဆိုးများနှင့် ရင်ဆိုင်ကြုံတွေ့ခဲ့ရတဲ့ ပိုင်ရှင်များရှိသည်ဟု သတင်းတွေ ထွက်လာပါတယ်။ နေပယ်ကမ်းလွန်ဒေသရှိ "အိုင်စိုလာလာ ဂလိုလာ" အမည်ရတဲ့ကျွန်းသည် ကျွန်းငယ် နှစ်ခုကို တံတား တစ်စင်း ဖြင့် ဆက်သွယ်ထားသည့် လူသူ နေထိုင်ခြင်းမရှိသည့် ကျွန်းတစ်ခုဖြစ်ပါတယ်။ ထိုကျွန်းကို ပိုင်ဆိုင်ခဲ့ကြသော ပိုင်ရှင်များသည် ကံကြမ္မာ ဆိုးများ နှင့် ရင်ဆိုင်ကြရပြီး အချိန်မတိုင်မီ ကွယ်လွန်ခဲ့ကြရပါတယ်။ စာဖတ်ပရိသတ်ကြီးရေ....တစ်ကယ့်ကို ကြက်သီးထဖွယ်စရာ ကျွန်းကြီးဖြစ်ပြီး ခြေဦးတောင်မလှည့်မိပါစေနဲ့နော်။

Photo credit pngtree

ဂလိုလာကျွန်းတွင် ဖြစ်ခဲ့တဲ့ မတွေးရဲစရာ အဖြစ်အပျက်ဆိုးတွေကတော့.......၁၉၂၀ ပြည့်နှစ်တွင် ဂလိုလာကျွန်းကို မူလပိုင်ဆိုင်သူ ဆွစ် လူမျိုး ဟန်းစ်ရောင်၏ အလောင်းအား စောင်ဖြင့် ပတ်လျက် တွေ့ခဲ့ရတာဖြစ်ပါတယ်။ ဟန်းစ်ရောင်ကွယ်လွန်ပြီး မကြာမီ လအနည်းငယ်ကြာမှာဘဲ ဟန်းစရောင်၏ ဇနီးဖြစ်သူသည် ကျွန်းအနီး ပင်လယ်ပြင် တွင် ရေနစ်သေဆုံးခဲ့တာဖြစ်ပါတယ်။ နောက်ထပ်ပိုင်ဆိုင်သူ ဂျာမာန်လူမျိုး အိုတို ဂရန်ဘက်သည် ကျွန်းပေါ်ရှိအိမ် တွင် နေထိုင်စဉ် နှလုံးရောဂါဖြင့် ကွယ်လွန်ခဲ့ပြန်ပါတယ်။ ပိုင်ရှင်နောက်တစ်ဦးဖြစ်သူ ဆေးဝါးစက်မှု လုပ်ငန်းပိုင်ရှင် ဆန်းဒေါ့စ်သည်လည်းဆွစ်ဇာလန် စိတ်ရောဂါကု ဆေးရုံတစ်ရုံတွင် တက်ရောက်ကုသမှု ခံယူနေစဉ် မိမိကိုမိမိ အဆုံးစီရင် သွားခဲ့ပါတယ်။ ဂျာမာန် သံမဏိ စီးပွားရေး လုပ်ငန်းရှင် ဘာရွန် ကားလ်လန်ဟိုင်းသည် ကျွန်းပေါ်တွင်နေထိုင်ခဲ့စဉ် သူ၏ စီးပွားရေး လုပ်ငန်း များ ပျက်စီးဆုံးရှုံးခဲ့ပါတယ်။ ဖိယက် ကားကုမ္ပဏီ အကြီးအကဲ ဂီယာနီ အက်ဂ်နယ်လီ၏ တစ်ဦးတည်သော သားသည်မိမိ ကို မိမိ သေကြောင်းကြံစည်ခဲ့ပါတယ်။ ကျွန်းကို ဝယ်ယူခဲ့သူ သန်းကြွယ်သူဌေး ပေါလ် ဂက်တီသည်လည်း မြေးဖြစ်သူ ပြန်ပေးဆွဲခံရ ခြင်း နှင့် ကြုံခဲ့ရပါတယ်။ ကျွန်း၏ နောက်ဆုံးပိုင်ရှင်ဖြစ်သူ ဂရပ်ပွန်းသည်လည်း ၂၀၀၉ ခုနှစ်တွင် အာမခံ လိမ်လည်မှုဖြင့် ထောင်ကျခဲ့ပြီး ထိုအချိန်မှ စ၍ အိုင်စိုလာလာ ဂလိုလာကျွန်းကို ဘယ်သူမှ သွားရောက်လည်ပတ်ခြင်းမရှိတော့ဘဲ အစွန့်ပစ်ခံကျွန်းဖြစ်လာပါတော့တယ်။ ပရိသတ်ကြီးရေ.....အဆိုပါ ကျိန်စာသင့်ကျွန်းနဲ့ပတ်သက်ပြီး တိုက်ဆိုင်မှုတွေလား၊ ဒါမှမဟုတ် တစ်ကယ်ပဲ ကျိန်စာသင့်နေတာလားဆိုတာနဲ့ ပတ်သက်ပြီး ဘယ်လိုများထင်မြင်ယူဆပါသလဲနော်။ ပရိသတ်တစ်ယောက်တိုင်းစီရဲ့ ထင်မြင်ယူဆချက်လေးတွေပေးရင်း ဆက်လက်အားပေးသွားကြပါဦးနော်....။

Source မောင် သာ ရှေးဟောင်းသုတေသန

Photo credit pngtree 

Photo credit pngtree

သတင်းယူရေးခွင့်ပေးတဲ့ "မောင် သာ ရှေးဟောင်းသုတေသန"ကိုကျေးဇူးတင်ရှိပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။