Call Of Duty : Mobile ရဲ့ Zombie Mode မှာဆိုရင် Mode ၃ ခုရှိတဲ့အလျောက် Normal Mode ကအလွယ်ဆုံးဖြစ်ပါတယ်။ သင့်အနေနဲ့တော့ အဲ့ဒီမှာ ဆော့ကစားရတာလွယ်တယ်ဆိုပေမဲ့ ဆုတွေကတော့ သိပ်အကြီးကြီးတွေ မရရှိနိုင်ပါဘူး။ ဒါပေမဲ့ တခြား Mode နှစ်ခုဖြစ်တဲ့ Hardcore Mode နဲ့ Survival Mode တို့မှာဆိုရင် ဆော့ကစားရတာ ခတ်ခဲပြီး သေဖို့များပါတယ်။ အဲ့ကပေးတဲ့ ဆုတွေကလဲ အကောင်းစားတွေဆိုတော့ သင့်အနေနဲ့ အဲ့ဒီ Mode မှာကစားနိုင်ရန်အတွက် သေဖို့နည်းတဲ့ ကစားနည်းတွေကို ဖော်ပြလိုက်ပါတယ်။  

၁။ သေနတ်တွေကို သေချာရွေးချယ်ပါ

စမဆော့ခင် Loadout နေရာမှာ ကိုယ်ရဲ့သေနတ်၊ ဗုံး၊ မိုင်း စတာတွေကို Skin ရှိသမျှ လဲပါ။ အစိမ်း၊ အပြာ၊ ခရမ်းနဲ့ အဝါ ဆိုပြီး အဆင့်လိုက် Damage ပိုမြင့်သွားတာမို့ ရွေးချယ်ဖို့ မမေ့ပါနဲ့။ Zombie တွေကိုနှိမ်းနှင်ရာမှာလဲ ဗုံးတွေ မိုင်းတွေကို အသုံးပြုပါ။

၂။ ချွေတာပါ

ပထမဆုံး Hardcore Mode ဖြစ်ဖြစ် Survival Mode ဖြစ်ဖြစ် ကစားရင် သင့်ရဲ့ ပိုက်ဆံတွေကို ချွေတာပါ။ ပထမ Round 1 နဲ့ 2 မှာတော့ ဘာသေနတ်မှမဝယ်သေးပါနဲ့။ တံခါးတွေဆိုရင်လဲ ကိုယ်က Solo မဆော့ရင် Teammate ဖွင့်ပေးတာကိုစောင့်ပါ။ ကိုယ်လဲတစ်ခါတစ်လေတော့ဖွင့်ပေးပါ။

၃။ အအေးပုလင်းတွေသောက်ပါ

အိမ်တိုင်း အခန်းတိုင်းမှာဆိုရင် မတူညီတဲ့စွမ်းအင်တွေပါတဲ့ အအေးပုလင်း Soda တွေရှိပါတယ်။ အဲ့ဒီဟာတွေကို အကုန်လိုက်သောက်ပါ။ အဲ့ Ability တွေက သင့်ကို အသက်ရှည်အောင်ပိုလုပ်ပေးနိုင်ပြီး ပိုက်ဆံများများရအောင်ပိုလုပ်ပေးပါတယ်။ 

၄။ Buff တွေကို Upgrade လုပ်ပါ

ပထမအိမ်ရဲ့ အောက်ထပ်မှာဆိုရင် Buff တွေ ဝယ်လို့ရပြီး Upgrade လုပ်လို့ရတဲ့နေရာရှိပါတယ်။ အဲ့ဒီမှာ ကိုယ်နဲ့လိုက်ဖက်တဲ့ဟာတွေကို ဝယ်ယူပြီး Upgrade လုပ်ပါ။ ဒါတွေက သင့်ရဲ့တိုက်ခိုက်ရည်နဲ့ ကိုယ်ခံစွမ်းအားတွေကို တိုးပေးပါတယ်။

၅။ သရဲတွေကို စနစ်တကျသတ်ပါ

သင့်အနေနဲ့ Zombie တွေကို တစ်ကောင်ချင်းစီ မသတ်ပဲ သူတို့ကို စုပြီးမှသတ်ပါ။ စုပြီး သတ်ချင်းအားဖြင့် ကျည်ဆံလဲချွေတာရာ ကျသလို ပိုက်ဆံလဲ မြန်မြန်ပိုရပါတယ်။ ခေါင်းတွေကိုပဲ ချိန်ပစ်ပါ။ မနိုင်ရင် အိမ်တိုင်းမှာရှိတဲ့ ထောက်ခြောက်တွေကို အသုံးပြုပါ။ ထောက်ခြောက်တွေကသတ်ရင်တော့ ကိုယ်က ဘာပိုက်ဆံမှမရရှိပါဘူး ဒါပေမဲ့ နောက်တစ်ဆင့်တက်ဖို့နီးစပ်တယ်လေ။ အဆင်ပြေပါစေ။ အထူးသတိအနေနဲ့ နောက်ဆုံးကျန်သေးတဲ့ သရဲကို မသတ်ပါနဲ့။ ကိုယ်မှာရှိတဲ့ပိုက်ဆံနဲ့ Upgrade လုပ် Soda သောက် သေနတ်ဝယ် စတာတွေကို လုပ်စရှာရှိတာလုပ်ပြီးမှ သတ်ပါ။ အဲ့သရဲသေတဲ့ချိန် နောက် ၁ပွဲစဖို့အချိန်က ခဏလေးပဲမို့ လုပ်စရာရှိတာလုပ်ဖို့ သင့်အနေနဲ့အချိန်မလောက်ပါဘူး။ 

သတင်းအရင်းမြစ် Lord Htun

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။