ရယ်မောနေရတာကို ကြိုက်နှစ်သက်တဲ့ ရုပ်ရှင်ချစ်ပရိသတ်တွေအတွက် တကားလုံးပါးစပ်မပိတ်တမ်းရယ်မောနေရမယ့် ဆန္ဒထုတ်ဖော်မယ် ရုပ်ရှင်ဇာတ်ကားကြီးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။

ဒီရုပ်ရှင်ကားကြီးထဲမှာတော့ ပြေတီဦး ၊ ဇေယျ ၊ ဦးကင်းကောင် ၊ ငှက်ပျောကြော် ၊ ရွှေမှုန်ရတီ ၊ ယွန်းရွှေရည်နဲ့ အခြားသော အနုပညာရှင်တွေများစွာက ပါဝင်သရုပ်ဆောင်ထားသလို ဒါရိုက်တာ ကျော်ဇောလင်း က ရိုက်ကူးပုံဖော်ပေးထားတာပဲ ဖြစ်ပါတယ်။

ဇာတ်လမ်း အမျိုးအစားလေးကတော့ အချစ် ၊ ဟာသ ၊ ဒရမ်မာ ပုံစံမျိုးလေးဖြစ်ပြီး သုံးထားတဲ့ ဒိုင်ယာလော့တွေ ၊ ပါဝင်သရုပ်ဆောင်ထားတဲ့ အနုပညာရှင်တွေရဲ့ ဟာသဆန်ဆန်သရုပ်ဆောင်မှုတွေက ပရိသတ်တွေကို အရမ်းရယ်မောနေစေမှာပဲဖြစ်ပါတယ်။

photo credit - ဆန္ဒထုတ်ဖော်မယ် facebook page
photo credit - ဆန္ဒထုတ်ဖော်မယ် facebook page

ဒီရုပ်ရှင်ကားကြီးထဲမှာတော့ ယောကျ်ားစိတ်ပေါက်နေတဲ့ ရွှေမှုံရတီလေးရဲ့ သရုပ်ဆောင်မှုတွေ ၊ မိန်းမစိတ်ပေါက်နေတဲ့ ဇေယျရဲ့ သူငယ်ထောင်တဲ့ ပုံစံလေးတွေ ၊ ပြေတီဦးရဲ့ ယောက်ကရှာလေး ရွှေမှုံရတီကို ပိုးပန်းပုံလေးတွေကို ပရိသတ်တွေ ရယ်မောရင်းနဲ့ ကြည့်ရှုခံစားရမှာပဲဖြစ်ပါတယ်။

ယောကျာ်း ယောကျာ်းချင်းပိုးပန်းတဲ့ ပုံစံလေးတွေ ၊ မိန်းမ မိန်းမချင်း နောက်ပိုးပိုးတဲ့ ပုံစံလေးတွေနဲ့ အခြားသာ ဟာသသရုပ်ဆောင်တွေရဲ့ သရုပ်ဆောင်မှုတွေကလည်း ပရိသတ်တွေကို တဟားဟားနဲ့ ရယ်မောနေရစေမှာပါ။

ဒါ့အပြင် ဒီရုပ်ရှင်ဇာတ်ကားကြီးထဲက ဦးကင်းကောင်ရဲ့ သရုပ်ဆောင်မှုတွေကလည်း ပရိသတ်တွေအတွက် အမှတ်တရတစ်ခုဖြစ်ခဲ့ရသလို “ဆုံးသွားတာတောင် ကျွန်တော်တို့အတွက် ဟာသတွေ ချန်ထားခဲ့သေးပါလား ဦးကင်းကောင်ရယ်” ဆိုပြီး အောက်မေ့တသသဖြစ်နေကြတာပဲဖြစ်ပါတယ်။ 

photo credit - ဆန္ဒထုတ်ဖော်မယ် facebook page
photo credit - ဆန္ဒထုတ်ဖော်မယ် facebook page

ဒီရုပ်ရှင်ကားကြီးကို ကြည့်ပြီးသွားတဲ့ ပရိသတ်တွေကလည်း ကြည့်ပြီးပြီး အရမ်းကောင်းလိုက်တာ ၊ ကောင်းတယ်အရမ်းရီရတယ် ဆိုပြီး ဒီဇာတ်ကားကြီးနဲ့ ပတ်သတ်တဲ့ သူတို့ရဲ့အမြင်တွေကို လူမှုကွန်ယက်ပေါ်မှာ ပြန်လည်ရေးသားနေကြတာတွေ့ရပါတယ်။

ဒါ့ကြောင့် မကြည့်ရသေးတဲ့ ပရိသတ်တွေအနေနဲ့ ဘဝအမောတွေကို ဖြေဖျောက်ပြီး ရယ်မောချင်တယ်ဆိုရင် “ဆန္ဒထုတ်ဖော်မယ် ရုပ်ရှင်ဇာတ်ကားကြီးကို” သွားရောက်ကြည့်ရှုကြဖို့ တိုက်တွန်းလိုက်ပါရစေ။

photo credit - ဆန္ဒထုတ်ဖော်မယ် facebook page
photo credit - ဆန္ဒထုတ်ဖော်မယ် facebook page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။