အကြိမ် (၃၀)မြောက်အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ အမျိုးသမီးဘောလုံး အုပ်စု(က)နောက်ဆုံး ပွဲစဉ်အဖြစ် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းနှင့် မလေးရှားလက်ရွေးစင် အမျိုးသမီး တို့ ဖိလစ်ပိုင်နိုင်ငံ Binan Stadium တွင် ယနေ့ မြန်မာစံတော်ချိန် နေ့လယ် ၂နာရီ ၃၀ မိနစ်က ယှဉ်ပြိုင်ကစားခဲ့ပြီး မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းက (၅-ဝ) ဂိုးဖြင့် အနိုင်ရရှိခဲ့ကာ ဆီမီးဖိုင်နယ်အဆင့်သို့ အုပ်စု ပထမနေရာမှ တက်ရောက်ခဲ့ပါတယ်။

Photo Credit - MFF
Photo Credit - MFF
Photo Credit - MFF

အုပ်စု (က)တွင် မြန်မာ၊ ဖိလစ်ပိုင်အသင်းတို့သည် ၁ပွဲနိုင်၊ ၁ပွဲ သရေ၊ ရဂိုး (၅)ဂိုး တူညီခဲ့သောကြောင့် FairPlay စည်းမျဉ်းအရ မြန်မာအသင်းက အသာရကာ အုပ်စုပထမနေရာမှ တက်ရောက်နိုင်ခဲ့ပြီး အုပ်စု(ခ) ဒုတိယနေရာမှ ထိုင်းအသင်းနှင့် ဆီမီးဖိုင်နယ်အဆင့်တွင် တွေ့ဆုံမည်ဖြစ်ပါတယ်။"အုပ်စုပထမနေရာကနေ နောက်တစ်ဆင့်ကို တက်ရောက်နိုင်ခဲ့လို့ ကျေနပ်ပါတယ်။ ဒီနေ့ အဆုံးသတ်ပိုင်းမှာ အနည်းငယ်အားနည်းချက်ရှိပြီး ဆီမီးဖိုင်နယ်မှာအကောင်းဆုံးပြင်ဆင်သွားမှာပါ။ ကစားသမားတွေ ၅ရက်အနားရတာကြောင့် အနည်းငယ်လေးလံနေပါတယ်။ ‌ ကျွန်တော်တို့အနေနဲ့ ထိုင်းအသင်းနဲ့ ဆီမီးဖိုင်နယ်မှာ ယှဉ်ပြိုင်ချင်လို့ ပွဲကို ချိန်ပြီးကစားနေခဲ့ပါတယ်။ နောက်ဆုံးအချိန်မှာ သတ်မှတ်တဲ့ဂိုးရအောင်ယူပြီး နောက်တစ်ဆင့်ကို တက်ရောက်နိုင်ခဲ့တာပါ။ ကြိုးစားပေးတဲ့ ကစားသမားအားလုံးကို ချီးကျူးပါတယ်" ဟု မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း နည်းပြချုပ် ဦးဝင်းသူမိုးက ဆိုခဲ့ပါသေးတယ်။

Photo Credit - MFF
Photo Credit - MFF

မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည် ထိုင်းအသင်းနှင့် ဆီမီးဖိုင်နယ်အဖြစ် ဒီဇင်ဘာ ၅ ရက်နေ့ မြန်မာစံတော်ချိန် ညနေ ၆ နာရီ ၃၀ မိနစ်၊ ဖိလစ်ပိုင်နိုင်ငံ၊မနီလာမြို့ Rizal Memorial ကွင်းတွင် ယှဉ်ပြိုင်ကစားမည်ဖြစ်ပါတယ်။

Source - MFF

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။