ခေးတစ်ယောက် ဂျစ်ကန်ကန်ကောင်မလေးဖြစ်သွားပါပြီး။ဘာဖြစ်လို့ပါလဲ။ ကလေးဆန်တဲ့ချစ်စဖွယ်မျက်နှာပိုင်ရှင်ခင်ဝင့်ဝါ ရဲ့လက်ရှိ အနုပညာကတော့...လက်ရှိမှာ Lucky Fish ဇာတ်ကားရိုက်ကူးနေသလို ယခုလအတွင်းရုံတင်ပြသမည့်ဇာတ်ကားလည်းရှိကြောင်းသိရပါတယ်။

" လက်ရှိမှာတော့ ဒါရိုက်တာဂျိုး ရိုက်ကူးတဲ့ lucky Fish ဆိုတဲ့ ဇာတ်ကားလေး ရိုက်နေပါတယ်...မင်းသား ကတော့ ကိုလူမင်းရယ် ကိုထူးခြားရယ်ပါ...ဒီကားမှာ . . .သမီးက သမီးတစ်ခါမှ သရုပ်မဆောင်ဖူးသေးတဲ့ ဂျစ်ကန်ကန်ကောင်မလေးတစ်ယောက်အနေနဲ့ သရုပ်ဆောင်ထားပါတယ်” လို့ခင်ဝင့်ဝါ က Lucky fish ဇာတ်ကားနဲ့ ပတ်သက်ပြီး ပြောခဲ့ပါတယ်။

ယခုလအတွင်းရုံတင်ပြသမယ့် ရုပ်ရှင်ဇာတ်ကားနဲ့ပတ်သက်ပြီး ခင်ဝင့်ဝါက “နောက်ပြီး ဒီလထဲမှာလည်း

ချိုမြိန်သော လက်စားချေခြင်း ရုပ်ရှင် ရုံတင်ဖို့လည်း ရှိပါတယ်...အဲ့ဒီကားမှာဆိုရင် ကိုစိုင်းစိုင်းရယ် သမီးရယ် ရွှေမှုံရယ်ပါဝင်သရုပ်ဆောင်ထားပါတယ်...ပရိသတ်အကြိုက်တွေ့မယ့်ရုပ်ရှင်လို့သမီးယုံကြည်ထားပါတယ်...ဒါရိုက်တာကလည်း ဦးမီးပွားဝတ္ထုကလည်း ဆရာမလွန်းထားထားဖြစ်တဲ့အတွက်ပရိသတ်အကြိုက်တွေ့မှာပါ...

သမီးလည်း အကောင်းဆုံးကြိုးစားထားပါတယ်...ဇာတ်ကားရိုက်ကူးမှုအပိုင်းမှာလည်းကာရိုက်တာတွေ မထပ်သေးဘူးလို့လည်း ခံစားရပါတယ်...အဲ့ဒီအတွက်လည်း ပရိသတ်အနေနဲ့ ထွက်ရှိလာမယ့်ဗီဒီယို၊ ရုပ်ရှင်တွေမှာ မတူညီတဲ့ပုံစံမျိုးတွေနဲ့ တွေ့ရပါလိမ့်မယ်...အဲ့ဒီအတွက်လည်း လိုအပ်ချက်တွေ အားနည်းချက်တွေထောက်ပြပါ... ဝေဖန်ပေးပါလို့ ပြောချင်ပါတယ် " လို့ပရိသတ်ကြီးကို အမှာစကားဆိုလိုက်ပါတယ်။

Source: မဟာမီဒီယာ

Aung 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။