ပရိသတ်ကြီးရေ အကယ်ဒမီထွန်းအိန္ဒြာဗိုလ်ကတော့ သရုပ်ဆောင်လည်းအရမ်းကောင်းသလို အဆိုလည်းတော်သူတစ်ယောက်ဖြစ်လို့ ပရိသတ်တွေအားပေးရကျိုးနပ်တဲ့အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။ထွန်းအိန္ဒြာဗိုလ်က အနုပညာအလုပ်တွေကို တစ်ခေတ်တစ်ခါကတည်းကလုပ်ဆောင်ခဲ့ပြီး ပရိသတ်တွေရဲ့ချစ်မေတ္တာတွေနဲ့ ယနေ့အချိန်ထိရပ်တည်နေနိုင်ဆဲဖြစ်ပါတယ်နော်။

Photo Credit:Htun Aeindra Bo's Facebook Page
Photo Credit:Htun Aeindra Bo's Facebook Page

ထွန်းအိန္ဒြာဗိုလ်ကတော့ သူမကိုချစ်ခင်ကြင်နာတဲ့ခင်ပွန်းကောင်းတစ်ယောက်ကိုလည်းပိုင်ဆိုင်ထားသလို ထူးချွန်ထက်မြက်တဲ့သားလေးတစ်ယောက်လည်းရှိလို့ ပျော်ရွှင်စရာမိသားစုဘဝလေးကိုပိုင်ဆိုင်ထားတာဖြစ်ပါတယ်။ထွန်းအိန္ဒြာဗိုလ်ရဲ့သားချောလေးကတော့ ဆယ်ကျော်သက်အရွယ်ကိုရောက်ရှိနေပြီဖြစ်ပြီး အားကစား ပညာရေး အနုပညာ စတဲ့ ဘက်စုံတော်တဲ့ကလေးလေးဖြစ်ပါတယ်။

Photo Credit:Htun Aeindra Bo's Facebook Page
Photo Credit:Htun Aeindra Bo's Facebook Page

သားချောလေးက မေမေ့ရဲ့အနုပညာသွေးအပြည့်ပါတာကြောင့် အခုဆိုရင်လည်း ဖွားဖွားကတီးစေချင်လို့ စန္ဒယားကိုပြန်ကျင့်နေရတာဖြစ်ပါတယ်။စန္ဒယားတီးနေတဲ့အသံလေးက သာယာငြိမ့်ညောင်းပြီး နားဝင်ချိုလွန်းလို့ အနုပညာပါရမီအရမ်းပါပါတယ်နော်။ ထွန်းအိန္ဒြာဗိုလ်ရဲ့သားလေး စန္ဒယားတီးနေတဲ့ဗီဒီယိုဖိုင်လေးကို ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါရစေနော်။

Photo Credit:Htun Aeindra Bo's Facebook Page
Photo Credit:Htun Aeindra Bo's Facebook Page

Photo Credit:Htun Aeindra Bo's Facebook Page

Video Credit:Htun Aeindra Bo's Facebook Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။