နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းတွေကို ကြွေအောင် ခြွေချနိုင်သူလေးကတော့ မော်ဒယ် သရုပ်ဆောင် ပိုင်တံခွန်ပါ။ သူဟာ အနုပညာလောကမှာ အချိန်တိုအတွင်းနဲ့ အောင်မြင်မှုတွေများစွာ ရရှိပိုင်ဆိုင်ထားတာပါ။ လက်ရှိအချိန်မှာ အနုပညာအလုပ်တွေကို အားလပ်ချိန်မရှိအောင်ကို လုပ်ကိုင်နေရတာပါ။  

Photo Credit - Paing Takhon's Facebook
Photo Credit - Paing Takhon's Facebook
Photo Credit - Paing Takhon's Facebook

လတ်တလောမှာလည်း ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကို ရောက်ရှိနေတာပါ။ ဘန်ကောက်မှာလည်း ကြော်ငြာများ ရိုက်ကူးနေတာပါ။ သူ့ရဲ့ လှုပ်ရှားမှုတိုင်းကိုလည်း လူမှုကွန်ယက်စာမျက်နှာမှတစ်ဆင့် ပရိသတ်တွေကို အမြဲဝေမျှလေ့ ရှိသူတစ်ယောက်ပါ။ အခုမှာလည်း ဗီဒီယိုလေးတစ်ခုကို တင်ထားတာပါ။  

Photo Credit - Paing Takhon's Facebook
Photo Credit - Paing Takhon's Facebook
Photo Credit - Paing Takhon's Facebook

ဒါကတော့ သူ့ရဲ့ လက်ဗွေရာကို ထိုင်းနိုင်ငံက ပရိသတ်များက အမှတ်တရအနေနဲ့မှတ်တမ်းတင်ထားရှိထားတာပါ။ ပိုင်တံခွန်ကလည်း " ကျနော့်ရဲ့ လက်ဗွေရာလေးတော့ Kanchanaburi မှာ မှတ်ကျောက်တင်ခဲ့ပြီ " ဆိုပြီး ရေးသားထားတာပါ။ ပရိသတ်ကြီးအတွက် ဒီဗီဒီယိုလေးကို တစ်ဆင့်ပြန်လည်ကူးယူတင်ဆက်ပေးလိုက်ပါတယ်။

Source And Photo Credit - Paing Takhon's Facebook 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။