သရုပ်ဆောင် မင်းသမီးချော ခိုင်သင်းကြည်ကတော့ သရုပ်ဆောင်လည်းကောင်းသလို စိတ်ထားလေးလည်း ဖြူစင်တာကြောင့် သူမကိုချစ်ခင်သူတွေက များပြားနေတာ ဖြစ်ပါတယ်။ ထပ်ဆင့်အကယ်ဒမီဆုပိုင်ရှင် ခိုင်သင်းကြည်က အခုချိန်အထိလည်း ရုပ်ရှင်ဇာတ်ကားကြီးတွေ ရိုက်ကူးပြီး အနုပညာအလုပ်တွေကို လုပ်ကိုင်နေတာ ဖြစ်ပါတယ်။ ခိုင်သင်းကြည်က ချစ်ရတဲ့မိသားစုလေးနဲ့အတူ ပျော်ရွှင်စရာဘဝလေးကို တည်ဆောက်ထားတာဖြစ်ပါတယ်။

Photo Credit- San Htae Htar's FB
Photo Credit- San Htae Htar's FB

ခိုင်သင်းကြည်က ချစ်ခင်ပွန်းနဲ့ သမီးလေးအပေါ်မှာလည်း အိမ်ထောင်ရှင်မတစ်ယောက်ရဲ့တာဝန်တွေကို ကျေပွန်တဲ့ ဇနီးကောင်း၊ မိခင်ကောင်းတစ်ယောက် ဖြစ်ပါတယ်။ အခုလည်း ခိုင်သင်းကြည်က ချစ်ခင်ပွန်းကိုခန့်နိုင်ရဲ့မွေးနေ့မှာ ပျော်ရွှင်စရာပါတီပွဲလေးကို ကျင်းပပြုလုပ်ပေးခဲ့ပါတယ်။ ခိုင်သင်းကြည်နဲ့ သမီးလေး စံထိပ်ထားတို့နှစ်ယောက်က ကိုခန့်နိုင်အတွက် မွေးနေ့ကိတ်လေးနဲ့အတူ အနမ်းလေးတွေကိုလည်း လက်ဆောင်ပေးခဲ့တာ ဖြစ်ပါတယ်။

Photo Credit- San Htae Htar's FB
Photo Credit- San Htae Htar's FB
Photo Credit- San Htae Htar's FB

အနမ်းလေးတွေ အပြန်အလှန်ပေးနေကြတဲ့ ခိုင်သင်းကြည်တို့မိသားစုလေးရဲ့ပုံရိပ်တွေကတော့ ကြည်နူးဖို့ကောင်းနေတာ ဖြစ်ပါတယ်။ စံထိပ်ထားလေးက " Happiest birthday to my hero I will always be your little girl whenever and whatever and I promise to always love u unconditionally" ဆိုပြီး မွေးနေ့ပွဲပုံလေးတွေကို တင်ထားတာဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် ပျော်ရွှင်စရာကောင်းတဲ့ ခိုင်သင်းကြည်တို့မိသားစုလေးရဲ့ပုံလေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit- San Htae Htar's FB 

Photo Credit- San Htae Htar's FB
Photo Credit- San Htae Htar's FB
Photo Credit- San Htae Htar's FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။