ကိုရီးယားမင်းသမီးလေးလိုအသားအရည်မျိုးနဲ့ပရိသတ်တွေကိုကြွေအောင်လုပ်နိုင်သူလေးကတော့ မင်းသမီးလေး သဇင်ထူးမြင့်ပါ။ သူမရဲ့ချစ်စရာကောင်းတဲ့အမူအရာလေးနဲ့ ဖြူစင်တဲ့စိတ်ထားတွေကြောင့်လည်း ပရိသတ်တွေကအချစ်ပိုနေရတာပါ။ သူမကတော့ ဇာတ်ပို့သရုပ်ဆောင်ခင်လှိုင်ရဲ့သမီးချောလေးပါ။ 

Photo Credit - Thazin Htoo Myint’s Facebook
Photo Credit - Thazin Htoo Myint’s Facebook
Photo Credit - Thazin Htoo Myint’s Facebook

သူမဟာ မကြာခင်မှာလည်း ရုပ်ရှင်ဇာတ်ကားတွေ ရိုက်ကူးဖို့ရှိနေတာပါ။ လတ်တလောမှာလည်း အနုပညာလှုပ်ရှားမှုတွေ ဆက်တိုက်လုပ်ဆောင်နေတာပဲဖြစ့်ပြီး ပရိသတ်တွေကိုလည်း သူမရဲ့လှုပ်ရှားမှုတိုင်းကို လူမှုကွန်ယက်စာမျက်နှာမှတစ်ဆင့် ဝေမျှလေ့ရှိသူပါ။ အခုမှာလည်း Facebook Myday မှတစ်ဆင့် ဗီဒီယိုလေးတစ်ခုဝေမျှထားတာပါ။ 

Photo Credit - Thazin Htoo Myint’s Facebook
Photo Credit - Thazin Htoo Myint’s Facebook
Photo Credit - Thazin Htoo Myint’s Facebook

ဒါကတော့ ရှုတင်နားချိန်လေးမှာ သူငယ်ချင်းတွေနဲ့အတူ ဂိမ်းဆော့နေတဲ့ ဗီဒီယိုလေးပါ။ ပရိသတ်တွေကလည်း သူမရဲ့အမူအရာလေးတွေကိုကြည့်ပြီး ချစ်မဝဖြစ်နေကြတာပါ။ ပရိသတ်တွေအတွက် သဇင်ထူးမြင့်ရဲ့ဗီဒီယိုလေးကို တင်ဆက်ပေးလိုက်ပါတယ်။

Source And Photo Credit - Thazin Htoo Myint’s Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။