ပရိသတ်တွေရဲ့အချစ်တွေကို အခိုင်အမာသိမ်းပိုက်ထားတဲ့ ပြည်သူ့အချစ်တော် ဒိတ်ဒိတ်ကြတဲ့ အနုပညာရှင်မင်းသမီးချောလေး ဝတ်မှုံရွှေရည်ကတော့ ပီပြင်ပိုင်နိုင်လွန်းတဲ့ သရုပ်ဆောင်ကောင်းမှုတွေအပြင် ချစ်စရာကောင်းလွန်းတာတွေကြောင့် ယောကျ်ားလေး ပရိသတ်တွေအပြင် မိန်းကလေးပရိသတ်တွေရဲ့ သည်းသည်းလှုပ် အားပေးချစ်ခင်မှုတွေကို ရရှိထားသူပဲ ဖြစ်ပါတယ်..။

Fan တွေအပေါ်မှာလည်း အမြဲချစ်ခင်လေးစားတတ်တဲ့ ရွှေကစ်လေးကတော့ ပြီးခဲ့တဲ့လပိုင်းလောက်ကလည်း ချစ်ရတဲ့ ပရိသတ်တွေနဲ့အတူ Fan Meeting ပွဲလေး ပြုလုပ်ကာ အလှူလေး ကျင်းပပြုလုပ်ခဲ့ကြပါတယ်နော်..။


Photo Credit - Wutt Hmone Shwe Yi’s Facebook
Photo Credit - Wutt Hmone Shwe Yi’s Facebook

ပန်းချီကားလေးက အလှူထဲမှာ ထည့်ဖို့ လေလံပစ်တာဖြစ်ပြီး လှူတဲ့သူလည်း ကုသိုလ်ရသလို အလှူခံရတဲ့ သူမကလည်း ဝမ်းသာတဲ့အကြောင်းလေးတွေကို ရွှေကစ်လေးက ပရိသတ်တွေကို ပြောပြလာခဲ့ပါတယ်..။

ပရိသတ်တွေနဲ့ကို အချိန်ပေးကာ ချစ်ချစ်ခင်ခင် ရင်းရင်းနှီးနှီးလေး တွေ့ချင်ပြီး ပုံမှန် Fanmeeting ပုံစံမဟုတ်ဘဲ အလှူပွဲလေးကျတော့ ပိုပြီးအဓိပ္ပါယ်ရှိတယ်ထင်လို့ လုပ်ဖြစ်သွားတဲ့ အကြောင်းလေးနဲ့ အားလုံးစုပေါင်းပြီး အလှူလေးလှူတဲ့အကြောင်းလေးတွေကို ပြောပြထားတာ ဖြစ်ပါတယ်..။

Photo Credit - Li John Photography
Photo Credit - Wutt Hmone Shwe Yi’s Facebook

ပရိသတ်တွေရော ကစ်အပြင် ကစ်နဲ့တွဲလုပ်တဲ့ Brand တွေရဲ့ အလှူလည်း ဖြစ်အောင် လုပ်လိုက်တာဖြစ်ပြီး အဲ့ဒီနေ့ စင်ပေါ်မှာတင် လှူခဲ့ကြကာ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းကို သိန်း (၅၀)၊ မိဘမဲ့ဂေဟာကို သိန်း(၂၀)၊ အမေများအဖွဲ့ကို သိန်း(၄၀) လှူခဲ့ကြတာ ဖြစ်ပါတယ်နော်..။

“အဓိကတော့လေ Fan Meeting ရိုးရိုးပဲ မဖြစ်ချင်ဘူး သူတို့လေးတွေလည်း ပိုပြီး အဓိပ္ပာယ်ရှိအောင်လို့ Fan တွေနဲ့အတူတူ အလှူလေးလုပ်ချင်တယ် ကစ်နဲ့အတူ အမြဲတမ်းမခွဲအတူရှိနေတဲ့ Brand တွေ အလုပ်တွဲလုပ်နေတဲ့ Brand တွေ အကုန်လုံးကိုလည်း ပါဝင်စေချင်တယ် အားလုံးပေါင်းလှူတဲ့အလှူလေးဖြစ်ချင်တယ် Fan Meeting ပုံမှန်လုပ်တာထက် အလှူပွဲလေးလုပ်တော့ ပိုပြီးတော့ အဓိပ္ပာယ်ရှိတယ်ထင်လို့ပါ..” ဆိုပြီးတော့လည်း အလှူလေးအကြောင်းနဲ့ သူမရဲ့ခံစားချက်လေးတွေကိုလည်း ကစ်လေး ပြောပြထားတဲ့ ဗီဒီယိုဖိုင်လေးကိုလည်း တင်ဆက်ပေးလိုက်ပါတယ်နော်..။

Photo Credit - Wutt Hmone Shwe Yi’s Facebook
Photo Credit - Wutt Hmone Shwe Yi’s Facebook

Photo Credit - Wutt Hmone Shwe Yi’s Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။