DreamLeague Season 13 Sea Closed Qualifier ပွဲစဉ်တစ်ပွဲဖြစ်တဲ့ TNC Predator အသင်းနဲ့ Fnatic အသင်းတို့ရဲ့ ပွဲစဉ်ကတော့ ဒီကနေ့ကစားသွားမှာပဲဖြစ်ပါတယ်။

ပွဲစဉ်အချိန်ဇယားအနေနဲ့ကတော့ 1:30 MMT မှာကစားသွားမှာဖြစ်ပြီး ဒီနှစ်သင်းရဲ့အားပြိုင်မှုဟာ တကယ့်ကိုကြည့်ကောင်းတဲ့ ပွဲစဉ်တစ်ပွဲဖြစ်လာစေမှာပါ။

Fantic အသင်းအနေနဲ့ဆိုရင်လည်း Sea Tier 1 အသင်းတွေထဲက တစ်သင်းဖြစ်သလို သူတို့ရဲ့ carry player အသစ်လေးဖြစ်တဲ့ 23savage ကလည်း တဖြေးဖြေးအသင်းနဲ့ အသားစပြုလာနေပြီပဲဖြစ်ပါတယ်။

TNC Predator အသင်းအနေနဲ့ဆိုရင်လည်း Ti 9 အပြီးထဲကနေ လက်ရှိအချိန်ထိ ESL One Hamburg 2019 , WESG Sea Regional Final , MDL Chengdu Major တို့မှာ ချန်ပီယံဖြစ်ထားတဲ့ အသင်းတစ်သင်းဖြစ်သလို လက်ရှိအနေအထားရ Word 1 Dota 2 team ဆိုတဲ့ ဂုဏ်ပုဒ်ကို ပိုင်ဆိုင်ထားတဲ့ အသင်းတစ်သင်းပဲဖြစ်ပါတယ်။

ဒီကနေ့ ယှဉ်ပြိုင်ကစားမယ့် သူတို့နှစ်သင်းရဲ့ ပွဲစဉ်ဟာဆိုရင်လည်း နိုင်တဲ့အသင်းက DreamLeague Season 13 ယှဉ်ပြိုင်ဖို့အတွက် Qualified ဖြစ်သွားမှာဖြစ်သလို ရှုံးတဲ့အသင်းကတော့ Reality Rift Vs Cignal Ultra အသင်းတို့ရဲ့ ယှဉ်ပြိုင်မှုကနေ ရုံးနိမ့်လာတဲ့ အသင်းနဲ့ ထပ်မံယှဉ်ပြိုင်သွားရမှာပဲဖြစ်ပါတယ်။

အကယ်၍ နိုင်ခဲ့မယ်ဆိုရင်တော့ DreamLeague Season 13 ကိုဝင်ရောက်ယှဉ်ပြိုင်ခွင့်ရဦးမှာပဲဖြစ်ပါတယ်။

ပရိသတ်တွေအနေနဲ့ရော ဒီကနေ့အနိုင်ရရှိသွားမယ့်အသင်းက TNC ဖြစ်မလား Fnatic ဖြစ်မလားဆိုတာ ခန့်မှန်းခဲ့ကြဦးနော်။ 

source - Liquipedia

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။