ရဲလေးပထမဆုံးအခွေဖြစ်တဲ့ ကျွန်တော်နဲ့သက်ဆိုင်သော အခွေထဲက “ထိပ်ဆုံးမှာအမေ” ဆိုတဲ့ သီချင်း လေးက ဒီနေ့အတွက် များစွာအဓိပ္ပယ်ရှိမှာပါ။ဘာလို့လဲဆိုတော့ကရဲလေး ကတော့ န့ရက်တိုင်းက အမေများနေ့ပါပဲ လို့ပြောလိုက်ပါပြီ။

"အမေများနေ့ရှိနေတာကကောင်းပါတယ်...

အမေများနေ့ဆိုတာကတော့လူအများရဲ့သတ်မှတ်ချက်ပါပဲ...

ကျွန်တော့်အတွက်ကတော့ နေ့တိုင်းပါပဲ။

အမေနဲ့အမြဲတမ်းရှိတယ်...

အမေ့ရဲ့နွေးထွေးတဲ့ မေတ္တာကိုနေ့တိုင်းရရှိတဲ့အတွက်

ကျွန်တော့်ဘဝမှာ အမေများနေ့ကတော့ နေ့တိုင်းပါပဲ...

ကျွန်တော့်အတွက်အမေများနေ့ဆိုတာ

တစ်ရက်တည်းနဲ့တော့ မလုံလောက်ပါဘူး... အမြဲတမ်းပါပဲ...

ရိုးရိုးလေးပြောရရင် အမေ့ကိုချစ်တယ်၊

အမေ့အတွက်သီချင်းလေးတစ်ပုဒ်လည်းကျွန်တော်ရေးခဲ့ဖူးပါတယ် ၊

ကျွန်တော်တို့အတွက် အမေကအရမ်းပင်ပန်းခဲ့တယ်...

တော်တော်ရုန်းကန်ခဲ့ရတယ်...

အမေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ ရေးခဲ့တဲ့သီချင်းလေးလို့

ပြောရင်လည်း မမှားပါဘူး...

အဓိကတော့ မိခင်ရဲ့မေတ္တာတွေကို သားသမီးတွေ

ပိုပြီးတော့သိတတ်ပြီးပြန်လည်ကြည့်ရူစောင့်ရှောက်ဖို့ အတွက်ပါ။

အမေတိုင်းကိုလည်းဂုဏ်ပြုချင်တယ်

သားသမီးတိုင်းအမေရဲ့မေတ္တာတွေကို ပိုနားလည်ပြီးတော့

မိဘတွေကိုပြန်ပြီးအလုပ်အကျွေးပြုနိုင်မယ့် ဆန္ဒလေးတွေဖြစ်ပေါ်လာဖို့ လည်းရည်ရွယ်ပါတယ်" လို့ ရဲလေးက ပြောခဲ့ပါတယ်။ 

ခက်ခဲတဲ့ ဘ၀နဲ့ကျော်ဖြတ်မှုတွေကို ရဲလေးသီဆိုထားတဲ့ “ထိပ်ဆုံးမှာအမေ” သီချင်းနဲ့ “အိမ်”သီချင်းနားထောင်မိသူတိုင်း ခံစားရမှာပါ။ပရိသတ်ကြီးရေ..ဒီနေ့က အမေများနေ့ဆိုတော့..အမေများအတွက် “အစဉ်ထာဝရ စိတ်ချမ်းသာကိုယ်ကျန်းမာပါစေလို့”Admin ကတောင်းဆုပြုပါတယ်။

Source: မဟာ မီဒီယာ

Aung 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။