မင်းသမီးချောလေး မေကဗျာကတော့ ပိန်ပိန်သွယ်သွယ် ခန္ဓာကိုယ်လေးနဲ့ စွဲမက်ဖွယ်ကောင်းလောက်အောင် လှပလွန်းသူလေး ဖြစ်ပါတယ်။ ညိုချောလေးတစ်ယောက်ဖြစ်တဲ့မေကဗျာက ကလေးတစ်ယောက်အမေဖြစ်ပေမယ့် အခုချိန်အထိ ငယ်ရွယ်နုပျိုလှပနေတာ ဖြစ်ပါတယ်။ မေကဗျာက ဗီဒီယိုဇာတ်ကားတွေနဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေ ရိုက်ကူးပြီး အောင်မြင်နေသလို ဇာတ်လမ်းတွဲတွေမှာလည်း ပါဝင်သရုပ်ဆောင်နေတာ ဖြစ်ပါတယ်။

Photo Credit-Mg Ag Ag Phyo & May Kabyar's FB
Photo Credit-Mg Ag Ag Phyo & May Kabyar's FB
Photo Credit-Mg Ag Ag Phyo & May Kabyar's FB

မေကဗျာက အနုပညာလှုပ်ရှားမှုတွေအပြင် " Dancing With The Stars Myanmar " အကပြိုင်ပွဲကြီးမှာလည်း ဝင်ရောက်ယှဉ်ပြိုင်နေတာ ဖြစ်ပါတယ်။ ဒီရက်ပိုင်းမှာတော့ မေကဗျာက ချောင်းသာကမ်းခြေကို ပျော်ပျော်ရွှင်ရွှင်နဲ့ ခရီးထွက်နေတာ ဖြစ်ပါတယ်။ ဆွဲဆောင်မှုအပြည့်နဲ့ လှနေတဲ့ မေကဗျာက အခုလည်း ကမ်းခြေထက်မှာ အလှပဆုံးဓာတ်ဖမ်းထားတဲ့ သူမရဲ့ပုံရိပ်လေးတွေကို ချပြလိုက်ပါတယ်။

Photo Credit-Mg Ag Ag Phyo & May Kabyar's FB
Photo Credit-Mg Ag Ag Phyo & May Kabyar's FB
Photo Credit-Mg Ag Ag Phyo & May Kabyar's FB
Photo Credit-Mg Ag Ag Phyo & May Kabyar's FB
Photo Credit-Mg Ag Ag Phyo & May Kabyar's FB

မေကဗျာက "#Beach#Me#Brownskin#Sky#Sand#MuchnMore# I Love it " ဆိုပြီး ရေကူးဝတ်စုံနဲ့အလှတွေပိုနေတဲ့ ပုံလေးတွေကို တင်လိုက်တာ ဖြစ်ပါတယ်။ အဖြူရောင် Bikini လေးနဲ့ မြင်သူငေးအောင်အပြတ်လန်းနေတဲ့ မေကဗျာကတော့ အမိုက်စားပို့စ်တွေပေးရင်း တစ်ယောက်တည်းလွင့်နေတာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် မင်းသမီးချောလေး မေကဗျာရဲ့အလှပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit-Mg Ag Ag Phyo & May Kabyar's FB
Photo Credit-Mg Ag Ag Phyo & May Kabyar's FB
Photo Credit-Mg Ag Ag Phyo & May Kabyar's FB
Photo Credit-Mg Ag Ag Phyo & May Kabyar's FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။