ချစ်စရာကောင်းတဲ့ ပါးချိုင့်လေးကို ပိုင်ဆိုင်ထားသူကတော့ သရုပ်ဆောင် မင်းသမီးချောလေး အေးမြတ်သူပါ။ သူမဟာ အသက် ၃၀ ကျော်လို့ ထင်ရက်စရာမရှိရလောက်အောင်ကို နုပျိုနေဆဲပါ။ အနုပညာလမ်းကြောင်းမှာလည်း အောင်မြင်ကျော်ကြားတဲ့ ထိပ်တန်းမင်းသမီးလေးတစ်လက်အဖြစ် ရပ်တည်နေတာပါ။  

Photo Credit - Aye Myat Thu's Facebook
Photo Credit - Aye Myat Thu's Facebook
Photo Credit - Aye Myat Thu's Facebook

မမြတ်လေးဟာ မိဘကျေးဇူးကို သိတတ်လွန်းတဲ့သမီးတစ်ယောက်ဖြစ်တာကြောင့် ပရိသတ်တွေသာမကပဲ အနုပညာရှင်များကပါ ချီးကျူးရတဲ့ အထိပါပဲ။ လက်ရှိမှာလည်း တစ်ကိုယ်တည်း အပျိုကြီးဘဝနဲ့ မိဘနှစ်ပါးကိုလုပ်ကျွေးပြုစုနေတာပါ။ အခုမှာလည်း ကျေးဇူးရှင် မိဘနှစ်ပါးကို ဗုဒ္ဓဂါယာသို့ ကိုယ်တိုင်လိုက်ပါိပို့ဆောင်နေတာပါ။  

Photo Credit - Aye Myat Thu's Facebook
Photo Credit - Aye Myat Thu's Facebook
Photo Credit - Aye Myat Thu's Facebook

ဒီပုံရိပ်လေးတွေကိုလည်း သူမရဲ့ လူမှုကွန်ယက်စာမျက်နှာတွင် ပရိသတ်တွေအတွက် ဝေမျှထားတာပါ။ မမြတ်လေးကတော့ " ဖေလည်းပျော် . ...မေလည်းပျော် တော့ ...

သားသမီးတွေလည်းပျော်ပြီပေါ့ .... ဘဝကခက်ခဲပင်ပန်းခဲ့ပေမယ့်ဒီအဖေ/ဒီအမေရဲ့သားသမီးတွေဖြစ်ရတာကျေနပ်ပါတယ် .... သူငယ်ချင်းနှင့်တူသောမိဘ @ Bodh Gaya " ဆိုပြီး ရေးသားထားတာပါ။ ပရိသတ်တွေအတွက် မမြတ်လေးရဲ့ ခရီးသွားပုံရိပ်လေးတွေကို တင်ဆက်ပေးလိုက်ပါတယ်။

Photo Credit - Aye Myat Thu's Facebook 

Photo Credit - Aye Myat Thu's Facebook
Photo Credit - Aye Myat Thu's Facebook
Photo Credit - Aye Myat Thu's Facebook
Photo Credit - Aye Myat Thu's Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။