နှုတ်ခမ်းနီမလေးတွေကြားမှာ ရေပန်းအစားဆုံးဖြစ်လာတဲ့ မော်ဒယ်သရုပ်ဆောင်တွေထဲမှာ အောင်လေးကလည်း ထိပ်ဆုံးက ပါဝင် နေပါတယ်။ဆွဲဆောင်ရှိတဲ့အပြုံးလေးတွေနဲ့ ညို့အားပြင်းမျက်ဝန်းတစ်စုံကြောင့် မိန်းကလေးပရိသတ်တော်တော်များများအသဲစွဲဖြစ်နေရတာပဲ ဖြစ်ပါတယ်။အမိုက်စားဘော်ဒီကြွက်သားတွေ တက်တူးလေးတွေကလည်း ပျိုမေတိုင်းကြွေလောက်တဲ့ အောင်လေးရဲ့ ထူးခြားချက်တွေလို့ဆိုရပါမယ်နော်။

Photo Credit :Aung Lay Facebook
Photo Credit :Aung Lay Facebook

အောင်လေးကတော့ ခရီးတွေထွက်လိုက် ရိုက်ကူးရေးတွေ အနုပညာ အလုပ်တွေ ဆက်တိုက်ရိုက်နေတာလည်းတွေ့ရပါတယ်။ လက်ရှိမှာလည်းသင်ဇာနဲ့အတူ မျက်နှာပြောင်ကာ စနောက်ရိုက်ထားတဲ့ အခွီဗီဒီယိုလေးကို သူရဲ့ ဖေ့ဘွတ်စာမျက်နှာပေါ်တွင် ဖော်ပြထားတာတွေ့ရပါတယ်။ ဗီဒီယိုလေးထဲမှာအောင်လေးတစ်ယောက်အရမ်းရီနေရသလို အရမ်းလည်းချစ်ဖို့ကောင်းနေတာလည်းဖြစ်ပါတယ်။အောင်လေးကတော့ သူ့ကို ချစ်တဲ့ပရိသတ်တွေအတွက်လည်း အမြဲလိုလို tik tok ဗီဒီယိုလေးတွေနဲ့ ပုံရိပ်လေးတွေကို ဝေမျှပေးလေ့ရှိတာတွေ့ရပါတယ်။

Photo Credit :Aung Lay Facebook
Photo Credit :Aung Lay Facebook

မော်ဒယ်သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ အောင်လေးကို ပရိသတ်တွေက ချောမောပြီး သန့်ပြန့်တဲ့ရုပ်ရည်လေးကြောင့် စတင်သတိထားမိခဲ့တာ ဖြစ်ပါတယ်။ အခုဆိုရင်အောင်လေးက ပရိသတ်တွေကြားမှာ နေရာတစ်ခုနဲ့ ရပ်တည်နေပြီး ရုပ်ရှင်ကားတွေလည်း ရိုက်ကူးနေရပါတယ်။အောင်လေးရဲ့ဟာသ ဗီဒီယိုလေးကို မျှဝေပေးလိုက်ပါတယ်။

Photo Credit :Aung Lay Facebook
Photo Credit :Aung Lay Facebook

Source:Aung Lay

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။