ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနသည် ၂၀၁၉ ဆီးဂိမ်းပြိုင်ပွဲဝင် အားကစားသမားများအား တစ်ဦးလျင် အမေရိကန်ဒေါ်လာ 200 နှုန်း ထောက်ပံ့ပေးအပ်ခဲ့ရာ မြန်မာ့လက်ရွေးစင် အမျိုးသား ယူ၂၂ အသင်းနှင့် မြန်မာ့ လက်ရွေးစင် အမျိုးသမီးအသင်း တို့ကိုလည်း တစ်သင်းလျင် အမေရိကန် ဒေါ်လာ ၅၂၀၀ စီရရှိခဲ့ကြပါတယ်။

photo credit : MFF's facebook
photo credit : MFF's facebook

အကြိမ် (၃၀)မြောက်အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် မြန်မာလက်ရွေးစင်အမျိုးသမီးအသင်းအနေနဲ့ ဆီမီးဖိုင်နယ်အဆင့်ကို တတ်ရောက်လာနိုင်ခဲ့သလို မြန်မာလက်ရွေးစင်အမျိုးသားယူ၂၂အသင်းအနေနဲ့လဲ အုပ်စုတွင်းမှာ ရူံးပွဲလုံးဝမရှိဘဲ ၃ပွဲနိုင်၁ပွဲသရေနဲ့ ဆီမီးဖိုင်နယ်အဆင့်ကို အုပ်စုဗိုလ်အဖြစ်နဲ့ ထိုက်တန်စွာ တတ်ရောက်လာနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။

photo credit : MFF's facebook
photo credit : MFF's facebook

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ( MFF)အနေနဲ့လဲ အရှေ့တောင် အာရှဆီးဂိမ်းစ်ပြိုင်ပွဲရဲ့ ဆီမီးဖိုင်နယ်အဆင့်အား ရှုံးပွဲမရှိဘဲ တက်ရောက်နိုင်ခဲ့တဲ့ မြန်မာ ယူ၂၂ အသင်းအား ဆုကြေးကျပ် သိန်း ၅၀၀ ချီးမြင့်ခဲ့သလို မြန်မာအမျိုးသမီး အသင်းလက်ရွေးစင်အား ကျပ်သိန်း ၂၀၀ ချီးမြှင့်ပေးအပ်သွားခဲ့ပါတယ်။

source: MFF 's facebook

photo credit : MFF's facebook
photo credit : MFF's facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။