မြန်မာဂုဏ်ဆောင်သက်ထားသူဇာကတော့ ကြက်တောင် အားကစားနည်းနဲ့ နိုင်ငံတကာပြိုင်ပွဲတွေမှာ ဝင်ရောက်ယှဉ်ပြိုင်နေပြီး ဆုတံဆိပ်တွေများစွာကို ရရှိနေတဲ့ အားကစားမယ်တစ်ယောက်ပဲ ဖြစ်ပါတယ်။သူမကတော့ ပြိုင်ပွဲတွေမှာ အကောင်းဆုံးယှဉ်ပြိုင်ပြီး မြန်မာနိုင်ငံရဲ့ ဂုဏ်ကိုဆောင်နေသူတစ်ယောက်ပဲ ဖြစ်ပါတယ်။

photo credit: THET HTAR Thuzar 's facebook
photo credit: THET HTAR Thuzar 's facebook

သက်ထားသူဇာကတော့ အကြိမ် (၃၀)မြောက်အရှေ့တောင်အာရှ အားကစားပြိုင်ပွဲဖြစ်တဲ့ ဖိလစ်ပိုင်ဆီးဂိမ်းပြိုင်ပွဲမှာ မြန်မာနိုင်ငံကိုယ်စားပြုအနေနဲ့ ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။ မြန်မာဂုဏ်ဆောင်သက်ထားသူဇာကတော့ ဖိလစ်ပိုင်ဆီးဂိမ်းပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့အတွက် ရန်ကုန်ကနေ ထွက်ခွာသွားပြီဖြစ်ပါတယ်။

photo credit: THET HTAR Thuzar 's facebook
photo credit: THET HTAR Thuzar 's facebook

သူမကတော့ " Bound for 30th SEA GAMES (Philippines) (2019)ဖိလစ်ပိုင် ဆီးဂိမ်းမှာ အမျိုးသမီး ကြက်တောင်တစ်ဦးချင်း (Women Singles) ပြိုင်ပွဲအမျိုးအစားကိုညီမနဲ့ တွယ်တာဦးတို့မှ ဝင်ရောက်ယှဉ်ပြိုင် သွားမှာဖြစ်ပါတယ်။ ပြိုင်ပွဲတွေက 5ရက်နေ့ စတင်ယှဉ်ပြိုင်ရမှာ ဖြစ်ပြီး အကောင်းဆုံးကြိုးစားယှဉ်ပြိုင်ခဲ့ပါမယ် " ဆိုပြီး သူမရဲ့ လူမှုကွန်ယက်ထက်မှာ ရေးသားထားခဲ့ပါတယ်။

source: THET HTAR Thuzar 's facebook

photo credit: THET HTAR Thuzar 's facebook
photo credit: THET HTAR Thuzar 's facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။