ရန်ကုန်ယူနိုက်တက်အသင်း ၂၀၁၈ ခုနှစ်မှာ ဝတ်ဆင်ခဲ့တဲ့ ဂျာစီကိုတင်ဆက်ပေးသွားပါမှာပဲဖြစ်ပါတယ်။ ၂၀၁၈ ခုနှစ်ဟာ အားလုံးမှတ်မှတ်ရရဖြစ်နေမယ့်နှစ်တစ်နှစ်ဆိုရင်လည်းမမှားပါဘူး။ ဒီနှစ်မှာ Charity Cup၊ မြန်မာနေရှင်နယ်လိဂ်အမှတ်ပေးဖလား နဲ့ ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ရှုံးထွက်ပြိုင်ပွဲမှာပါ ဗိုလ်ဆွဲခဲ့ပြီး တစ်နှစ်ထဲ ဆုဖလား သုံးလုံးကို ပိုင်ဆိုင်ခဲ့တဲ့နှစ်လည်း ဖြစ်ပါတယ်။

Photo Credit - Yangon United FC
Photo Credit - Yangon United FC

ဒါ့အပြင် AFC Cup 2018 ပြိုင်ပွဲမှာ အာဆီယံဇုန် အကြိုဗိုလ်လုပွဲအထိ တက်ရောက်နိုင်ခဲ့တဲ့ အသင်းလည်းဖြစ်ခဲ့ပါတယ်။ ပရိသတ်တွေအတွက်လည်း ၂၀၁၈ ခုနှစ်က အမှတ်တရများစွာရှိနေမယ်လို့ ယုံကြည်ပါတယ်။ ဒါကြောင့် သင့်ရဲ့ ၂၀၁၈ ခုနှစ်အမှတ်တရတွေကို အခြားသူတွေနဲ့အတူ မျှဝေထားပါသေးတယ်။

Photo Credit - Yangon United FC
Photo Credit - Yangon United FC

ရန်ကုန်ယူနိုက်တက်အသင်း ရဲ့၂၀၁၈ ခုနုစ်မှာဝတ်ဆင်ခဲ့တဲ့ ဂျာစီကိုတော့ အသင်းနဲ့လိုက်ဖက်ပြီးပရိသတ်တွေသဘာကျစေခဲ့တဲ့ဂျာစီလေးဖြစ်ခဲ့ပါတယ်။ရန်ကုန်ယူနိုက်တက် ပရိသတ်တွေအတွက် ၂၀၁၈ ခုနုစ်မှာဝတ်ဆင်ခဲ့တဲ့ ဂျာစီလေးနဲ့အတူ ပြန်လည်အမှတ်ရစေဖို့တင်ဆက်ပေးလိုက်ပါတယ်။

Source - Yangon United FC

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။