ချစ်ပရိသတ်ကြီးရေ......ဒီတစ်ခါမှာတော့ ပင်လယ်သတ္တဝါများထဲကမှ အန္တရာယ်များ ကြောက်ဖို့ကောင်းတဲ့ "Box Jellyfish" အကြောင်းကိုဗဟုသုတဖြစ်ဖွယ် စိတ်ဝင်စားမှုရှိစေအောင် ရေးသားဖော်ပြပေးသွားမှာဖြစ်ပါတယ်။ ထိုအန္တရာယ်များတဲ့ "Box Jellyfish"ကြောင့် တစ်နှစ်ကို လူ့အသက်ပေါင်း ၁၀၀မှ ၂၀၀ကြားလောက်အထိ သေဆုံးရပါတယ်။ ထိုပင်လင်ငါး "Box Jellyfish"က လှသလောက် မာယာလည်းများသလို လူတွေကို ထိခိုက်စေနိုင်တာမလို့ ပရိသတ်ကြီးအနေနဲ့ ကမ်းခြေခရီးတွေထွက်တဲ့အခါမှာ သတိထားရမှာဖြစ်ပါတယ်။

photo credit Once A Glance Page

အဖြစ်များဆုံး နိုင်ငံတွေကတော့ Australia၊ Thai နင့် အိမ်နီချင်းနိုင်ငံတွေပဲဖြစ်ပါတယ်။ အန္တရာယ်ဖြစ်စေတဲ့ အကြောင်းအရာကတော့ "Hi-tech Micro injection" လို့ခေါ်တဲ့ အဆိပ်အိတ် သေးသေး လေးတွေထဲက အဆိပ်မြှားလေး တွေထွက်ပြီး ငါးကိုထိမိတဲ့ လူ့ခန္ဓာကိုယ် အစိတ်အပိုင်းထဲကို injection ထိုးသွင်းလိုက်ခြင်းမျိုးဖြစ်ပါတယ်။ မြှားလေးတွေပစ်ဖို့ လိုအပ်တဲ့အဆိပ်အိတ် ထဲက pressure ဖိအားက "Hydrostatic pressure" 100 atmosphere လောက်ရှိပါတယ်။

photo credit Once A Glance Page

ဥပမာပြောရမယ်ဆိုရင် ကားဘီးတာယာထဲက လေဖိအားထက် အဆပေါင်း ၁၀၀ သာတဲ့ဖိအားမျိုးလို့ ပြောလို့ရပါတယ်။ အရှိန်ကလည်း 40000xg အမြှောက် လက်နက် ပမာဏနဲ့ တူညီပါတယ်။ အဆိပ်စူးမိတဲ့ လူတစ်ယောက်ဟာ အဆိပ်ပမာဏ ပေါ်မူတည်ပြီး အသက်သေဆုံးသည်အထိ ဖြစ်နိုင်ပါတယ်။ ဆေးပညာရှင်တွေကတော့ "Body lotion" အလှဆီတစ်မျိုး ထွင်ပေးထားတယ်လို့ သိရပါတယ်။ ထိုအလှဆီ တစ်မျိုးက jelly fish တွေရဲ့ လက်တံတွေက အဆိပ်အိတ် "Pressure build up" ဖိအားတည်ဆောက်မှုကို ပျက်ဆီးစေနိုင်တဲ့ Skin protector တစ်မျိုးပဲဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း scuba diving လုပ်တဲ့အခါမျိုးမှာ ထိုအလှဆီမျိုးကို လိုရမယ်ရ ဆောင်သွားသင့်ပါတယ်နော်။

source Once A Glance Page

photo credit Once A Glance Page

photo credit Once A Glance Page

သတင်းယူ ရေးခွင့်ပေးတဲ့ "သံ ဇဉ် မိုးဇတ်"ကို ကျေးဇူးတင်ရှိပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။