ပရိသတ်တွေရဲ့အချစ်တော် သရုပ်ဆောင်မင်းသမီးချောလေး အိချောပိုကတော့ ပီပြင်ပိုင်နိုင်လွန်းတဲ့ ဇာတ်ရုပ်တွေနဲ့ ပရိသတ်တွေရဲ့ အားပေးဝန်းရံမှုတွေကို အခိုင်အမာရရှိထားပြီး အောင်မြင်ကျော်ကြားတဲ့ ပြည်သူချစ်အနုပညာရှင်တစ်ဦးအဖြစ် ရပ်တည်နေသူလေးပဲ ဖြစ်ပါတယ်..။

စူစူလို့ အားလုံးက ချစ်စနိုးခေါ်ကြတဲ့ မင်းသမီးချောလေး သူမကတော့ ကျရာဇာတ်ရုပ်တွေကို ကျွမ်းကျင်ပိုင်နိုင်လွန်းလှသလို မြင်သူတကာငေးလောက်အောင် ခန္ဓာကိုယ်အချိုးအစားပြေပြစ်ပြီး ဆွဲဆောင်မှုရှိရှိ ကျော့ရှင်းတဲ့ အလှတရားတွေကြောင့် ပရိသတ်တွေကြား အမြဲရေပန်းစားသူလေးဆိုလည်း မမှားပါဘူး..။


Photo Credit - Ei Chaw Po’s Facebook
Photo Credit - Ei Chaw Po’s Facebook

စူစူလေးကတော့ ဇာတ်ကားတွေ ဆက်တိုက်ရိုက်ကူးနေသလို မကြာခင်မှာလည်း ချစ်ခင်လေးစားရတဲ့ ဒိတ်ဒိတ်ကြဲမင်းသမီးချော ထက်ထက်မိုးဦးနဲ့အတူ ရုပ်ရှင်ဇာတ်ကားကြီးမှာ နှစ်ယောက်အတူ သရုပ်ဆောင်ရိုက်ကူးရမှာမို့ စူစူလေးတစ်ယောက် ပျော်နေပါတယ်နော်..။

နှစ်ယောက်အတူ သရုပ်ဆောင်ရမှာမို့ ပျော်ပြီး ထက်ထက်ရဲ့ လျှပ်တပြတ်အိုင်တင်လေးတွေကို အစကတည်းက အရမ်းချစ်ခဲ့ရပြီး ချစ်စရာကောင်းတဲ့ မထက်ရဲ့အကြောင်းလေးတွေကိုလည်း စူစူလေးက ပြောပြထားပါသေးတယ်..။


Photo Credit - Khant Min Htin Photography
Photo Credit - Khant Min Htin Photography

“ပျော်တယ် မထက်က ချစ်ဖို့ကောင်းတယ် မထက်နဲ့ ဗီဒီယိုမှာ တစ်ကားဆုံဖူးတယ် ဒါမယ့် အစုံခန်း မပါလိုက်ဘူး ဒီကားမှာတော့ ဆုံခန်းတွေပါမယ် မထက်က အခုချိန်မှာ ပြန်ပြီး ရုပ်ရှင်ကားတွေမှာ ပြန်ဆုံဆည်းခွင့်ရတဲ့အတွက်လည်း ပျော်တယ် ပညာလည်းရမှာပေါ့နော် သူ့ရဲ့လျှပ်တစ်ပြက်အိုင်တင်လေးတွေ ချစ်တယ်လေ အစကတည်းက ချစ်စရာကောင်းလို့ သူ့ရဲ့အိုင်တင်လေးတွေက ကလေးဆန်တယ်နော် ချစ်စရာလေး တစ်ယောက်တစ်မျိုးစီပေါ့ ကိုယ်နဲ့လိုက်ရင် ကိုယ်လုပ်မှာပေါ့ ကိုယ်နဲ့မလိုက်ရင်တော့ မလုပ်ပါဘူး ..” ဆိုပြီး ပြောပြထားတာ ဖြစ်ပါတယ်..။

ဒီကနေ့လေးမှာတော့ အတူရိုက်မယ့် ဇာတ်ကားလေးအကြောင်းနဲ့ ရှုတင်အဖွဲ့သားတွေအပေါ် အမြဲအလှူလုပ်ဖြစ်တဲ့အကြောင်းလေးတွေကို ပြောပြထားတဲ့ စူစူလေးရဲ့ ချစ်ပရိသတ်တွေအတွက် ပြန်လည်မျှေ၀ တင်ဆက်ပေးလိုက်ပါတယ်နော်..။

Photo Credit - Khant Min Htin Photography
Photo Credit - Khant Min Htin Photography

Photo Credit - Ei Chaw Po’s Facebook ၊ Khant Min Htin Photography

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။