လက်ရှိ မြန်မာနေရှင်နယ်လိဂ် ချန်ပီယံရှမ်းယူနိုက်တက်အသင်းဟာ ရခိုင်ယူနိုက်တက်အသင်း နောက်ခံလူဟောင်း ငြိမ်းချမ်းအား (၃) နှစ်စာချုပ်ဖြင့် ခေါ်ယူလိုက်ပြီဖြစ်ပါတယ်။ ငြိမ်းချမ်းဟာ ပြီးခဲ့သော ၂၀၁၉ ဘောလုံးရာသီ၌ မြန်မာ့လက်ရွေးစင် ကစားသမားအဖြစ် စတင်ရွေးချယ် ခံရပြီး ၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲများတွင် ပထမပွဲထွက် ကစားသမားအဖြစ် ပွဲထွက်ခွင့်ရခဲ့သူဖြစ်ပါတယ်။

photo credit : Shan United FC 's facebook
photo credit : Shan United FC 's facebook

ငြိမ်းချမ်းကတော့ “ဘောလုံးသမားတယောက်အတွက် အဖြစ်ချင်ဆုံးက နိုင်ငံ့လက်ရွေးစင်ပဲ။ ကျနော်က သက်တမ်းအလိုက် တွေမှာ မပါဖူးဘူး၊ စီနီယာအသင်းကြီးကျမှ ပါရတာ။ အဲဒါကြောင့် စိန်ခေါ်မှု ပိုများ တဲ့ ရှမ်းအသင်းကို ပြောင်းလာတာ။ ကျနော် တခါမျှ နိုင်ငံခြား မထွက်ဖူးဘူး။ အခု ဒီအသင်းမှာ နိုင်ငံခြားပွဲ ကစားရမယ်၊ ပြည်တွင်းမှာလည်း ချန်ပီယံဖြစ်နိုင်တယ်။ အောင်မြင်မှုဆိုတာကို ခံစားချင်လို့ ဒီအသင်းကို ပြောင်းလာတာ” ဟုပြောထားခဲ့ပါတယ်။

photo credit : Shan United FC 's facebook
photo credit : Shan United FC 's facebook

လက်ရှိတွင် ရှမ်းယူနိုက်တက်အသင်းဟာ ကွင်းလယ်လူဟောင်း မက်ဆီမင်အား တရာသီစာချုပ် ထပ်မံချုပ်ဆိုခဲ့သလို၊ ဧရာဝတီယူနိုက်တက်အသင်း တိုက်စစ်မှုးဟောင်း ကိသ်နားနှင့် ရခိုင်ယူနိုက်တက် အသင်း ကွင်းလယ်လူဟောင်း ယာကူဘူ အဘူဘာကာတို့အားလည်း တရာသီစာချုပ်များဖြင့် အသီးသီး ခေါ်ယူထားပြီး ဖြစ်ပါတယ်။

source: Shan United FC 's facebook 

photo credit : Shan United FC 's facebook
photo credit : Shan United FC 's facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။