ပရိသတ်ကြီးရေ မင်းသမီးချောလေးနေခြည်ဦးကတော့ အနုပညာနယ်ပယ်မှာလှုပ်ရှားနေတဲ့ တက်သစ်စမင်းသမီးချောလေးပဲဖြစ်ပါတယ်။နေခြည်ဦးကတော့ ပထမဦးဆုံးမှာ Beauty Blogger တစ်ယောက်အဖြစ်စတင်ခဲ့ပြီး နောက်ပိုင်းမှာတော့ ပရိသတ်တွေကလည်းအားပေးလာကြပြီး နှစ်အနည်းငယ်အတွင်းမှာ အောင်မြင်မှုတွေကိုရရှိလာတဲ့အနုပညာရှင်တစ်ယောက်ဖြစ်လာခဲ့ပါတယ်နော်။

Photo Credit:Nay Chi Oo's Facebook
Photo Credit:Nay Chi Oo's Facebook

နေခြည်ဦးက ရုပ်ရှင်ဇာတ်ကားကြီးတွေမှာလည်း ပါဝင်သရုပ်ဆောင်နေပြီး ကြော်ငြာတွေလည်းအများအပြားရိုက်ကူးနေတာကြောင့် အနုပညာအလုပ်တွေကတော့ခြေလှမ်းစိပ်နေပါတယ်နော်။ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုအပြည့်နဲ့နေထိုင်ပြီး အမြဲတမ်းကြိုးစားတဲ့အပြင် ထက်မြက်တဲ့မိန်းကလေးတစ်ယောက်ဖြစ်လို့လည်း မိန်းကလေးပရိသတ်တွေကအားကျပြီးချစ်နေရတာဖြစ်ပါတယ်။

Photo Credit:Nay Chi Oo's Facebook
Photo Credit:Nay Chi Oo's Facebook

အခုဆိုရင်တော့ မင်းသမီးချောလေးနေခြည်ဦးက မြန်မာဆန်ဆန်ရင်ဖုံးလေးနဲ့ ချိတ်ထဘီလေးကိုဝတ်ဆင်ပြီး ရိုးရှင်းစွာလှပနေတာဖြစ်ပါတယ်။မိန်းကလေးဆန်ဆန်လေးနဲ့လှသွေးကြွယ်နေပြီး ကြည်လင်အေးချမ်းစွာလှပနေတာဖြစ်လို့ နေခြည်ဦးရဲ့ချစ်စရာပုံရိပ်လေးတွေကို ပရိသတ်ကြီးလည်းတွေ့မြင်ရအောင်လို့ ပြန်လည်မျှဝေပေးလိုက်ပါရစေနော်။

Photo Credit:Nay Chi Oo's Facebook
Photo Credit:Nay Chi Oo's Facebook

Photo Credit:Nay Chi Oo's Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။