ပရိသတ်ကြီးရေ.. ချီချီလို့ အားလုံးက ချစ်စနိုးခေါ်ကြတဲ့ ပရိသတ်တွေရဲ့ အသည်းကျော် မင်းသမီးချောလေး နေခြည်ဦးကတော့ မြန်မာနိုင်ငံရဲ့ နာမည်ကျော် Beauty Blogger တစ်ဦးဖြစ်သလို ပရိသတ်တွေအခိုင်အမာနဲ့ အောင်မြင်နေတဲ့ ပြည်သူ့အသည်းကျော်လေးပါပဲ..။

မြန်မာနိုင်ငံရဲ့ ဒိတ်ဒိတ်ကြဲ အနုပညာရှင်တွေထဲက တစ်ဦးဖြစ်တဲ့ ချီချီလေးကတော့ အမြဲလန်းဆန်းတက်ကြွမှုလေးတွေနဲ့ ကိုယ့်ကိုကိုယ် ယုံကြည်မှုအမြဲရှိပြီး ပွင့်လင်းတဲ့စကားပြောဟန်လေးတွေနဲ့ ချစ်စဖွယ်အမူအရာလေးတွေကြောင့်လည်း ပရိသတ်တွေက အမြဲအချစ်ပိုနေကြတာပါ..။


Photo By Myanmarload
Photo By Myanmarload
Photo By Myanmarload
Photo By Myanmarload

ပရိသတ်တွေရဲ့ အသည်းကျော်လေး ချီချီဟာ စကားပြောပွင့်လင်းသူလေးပီပီ သူမအနေနဲ့ ခွဲစိတ်ပြုပြင်မှုတွေ ပြုလုပ်ခဲ့တဲ့အကြောင်းလေးအပြင် ခွဲစိတ်မှုနဲ့ အလှအပအေ့း သူမရဲ့အမြင်လေးတွေကို ပြောပြလာပါတယ်နော်..။

ချီချီလေးကတော့ ခွဲစိတ်မှုတွေလုပ်ထားပေမယ့် သဘာဝအတိုင်းလှနေတဲ့ မိန်းကလေးတွေကိုတွေ့ရင် အရမ်းအားကျတဲ့အကြောင်းလေးနဲ့ သူမကတော့ ခွဲစိတ်ရတာကို ဝါသနာပါတဲ့အတွက် ခွဲစိတ်မှုက သူမနဲ့ တိုက်ရိုက်အချိုးကျတယ်ဆိုပြီး ပြောပြထားတာ ဖြစ်ပါတယ်..။


Photo By Myanmarload
Photo By Myanmarload
Photo By Myanmarload
Photo By Myanmarload

“နေခြည်ကသာလုပ်ထားတာ သဘာဝအတိုင်းလှနေတဲ့ မိန်းကလေးတွေမြင်ရင် အရမ်းအားကျတယ် ကိုယ်က သဘာဝအတိုင်းမလှလို့သာ လုပ်ထားတာပေါ့နော် နေခြည်သာ ကိုယ့်ကိုကိုယ် သဘာဝအတိုင်းလှတယ်လို့ ခံစားရရင် နေခြည်ခွဲစိတ်မှုတွေ လုပ်ဖြစ်မှာ မဟုတ်ပါဘူး ခွဲစိတ်မှုနဲ့အလှအပက ကောင်းတဲ့ အချက်ရှိသလို မကောင်းတဲ့အချက်တွေလည်း ရှိတယ် နေခြည်ကတော့ ခွဲစိတ်တာကို ဝါသနာပါတဲ့အတွက် နေခြည်အနေနဲ့ကတော့ တိုက်ရိုက်အချိုးကျတယ် နေခြည်ပြုပြင်ပြောင်းလဲလိုက်လို့ ပိုပြီးလှလာတယ်လို့လည်း ထင်တယ် ပိုပြီးကြည့်လို့ကောင်းတယ်လို့လည်း ထင်တယ်..” ဆိုပြီးတော့ ချီချီလေးက ပြောပြထားတာပါ..။

ဒီကနေ့လေးမှာတော့ ချစ်စရာကောင်းပြီး စကားပြော ပွင့်လင်းတဲ့ ဟန်ပန်လေးတွေနဲ့ ပရိသတ်အသည်းတွေခြွေယူထားတဲ့ ချီချီလေးရဲ့ ဗီဒီယိုဖိုင်လေးကိုလည်း အားလုံးအတွက် မျှဝေတင်ဆက်ပေးလိုက်ပါတယ်နော်..။

Photo By Myanmarload
Photo By Myanmarload
Photo By Myanmarload
Photo By Myanmarload

Photo By Myanmarload

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။