မင်းသမီးချောလေး ဝတ်မှုန်ရွှေရည်ကတော့ ဖြူဖွေးဝင်းမွတ်တဲ့ အသားအရေလေးနဲ့ ကိုရီးယားမင်းသမီးလေးလို့ ထင်မှတ်ရလောက်အောင် လှနေတာ ဖြစ်ပါတယ်။ အသက်တွေဘယ်လောက်ကြီးကြီး အမြဲတမ်းငယ်ရွယ်နုပျိုနေတဲ့ ရွှေကစ်လေးက ဆယ်ကျော်သက်တွေနဲ့အပြိုင် နုဖတ်လှပနေတာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် ရွှေကစ်က ဖက်ရှင်ဘုရင်မလေးလို့တောင် တင်စားခံထားရတဲ့ ထိပ်တန်းမင်းသမီးလေးတစ်လက်ဆိုရင်လည်း မမှားပါဘူးနော်။

Photo Credit-Wutt Hmone Shwe Yi's FB
Photo Credit-Wutt Hmone Shwe Yi's FB
Photo Credit-Amazing Grace

ရုပ်ရှင်ဇာတ်ကားကြီးတွေ အများဆုံးရိုက်ကူးနေရတဲ့ ရွှေကစ်ကတော့ နိုင်ငံတကာနဲ့လက်တွဲပြီး အနုပညာအလုပ်တွေကို လုပ်ကိုင်နေတာ ဖြစ်ပါတယ်။ မကြာသေးခင်ကလည်း ရွှေကစ်က ကိုရီးယားမင်းသားချောလေး RyuSangWook နဲ့အတူ " တိမ်တွေပေါ်ကပန်း " ရုပ်ရှင်ဇာတ်ကားကြီးကို ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။ အခုလည်း ရွှေကစ်က ကိုရီးယားမင်းသားချောလေးအပါအဝင် ဒါရိုက်တာမင်းသန့်မောင်မောင်တို့နဲ့အတူ ရိုက်ကူးရေးပြုလုပ်နေကြောင်း ဗီဒီယိုလေးရိုက်ပြီး တင်ပေးထားပါတယ်။

Photo Credit-Zin Yaw Mg Mg's FB
Photo Credit-Zin Yaw Mg Mg's FB
Photo Credit-Zin Yaw Mg Mg's FB

ရွှေကစ်က ကိုရီးယားမင်းသားချောလေးကို အိုပါးလို့လှမ်းခေါ်လိုက်ပြီး စကားတွေပြောကာ ပရိသတ်တွေနဲ့မိတ်ဆက်ပေးနေတာပဲ ဖြစ်ပါတယ်။ RyuSangWook က " တိမ်တွေပေါ်ကပန်း "ဇာတ်ကားကြီးအတွက် မြန်မာနိုင်ငံကိုရောက်ရှိနေတာဖြစ်ကြောင်း ရွှေကစ်ကပြောပြပေးထားတာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် မင်းသမီးချောလေး ရွှေကစ်နဲ့ ကိုရီးယားမင်းသားလေး RyuSangWook ရဲ့ဗီဒီယိုဖိုင်လေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit-Wutt Hmone Shwe Yi's FB & Zin Yaw Mg Mg's FB

Video Credit-wutthmoneshweyi's IG  

Photo Credit-Wutt Hmone Shwe Yi's IG
Photo Credit-Zin Yaw Mg Mg's FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။