ပရိသတ်ကြီးကို ဒီတစ်ပါတ်မှာတော့ လေထုညစ်ညမ်းမှု ပြဿနာနဲ့ ရင်ဆိုင်ခဲ့ရတဲ့ အီဂျစ်နိုင်ငံမှ ကိုင်ရိုမြို့အကြောင်းကို စိတ်ဝင်စားဖွယ် ဖော်ပြပေးသွားမှာပါ။ မြို့တော် ကိုင်ရိုအပါအဝင် အီဂျစ်နိုင်ငံမှ မြို့များသည်လည်း လေထုညစ်ညမ်းနေကြပြီး ကိုင်ရိုမြို့သည် ( PM 10 ) အဆင့် (၁၅၇) ရှိနေပါတယ်။ မြို့တော်၏ ကောင်းကင်ပြင်က မည်းညစ်နေသည်မှာ ကိုင်ရိုတွင် အထူးအဆန်းမဟုတ်တော့ပါဘူး။ အီဂျစ်နိုင်ငံမြို့များတွင် မီးခိုးမြူများ ထူနေရခြင်း၏ အဓိက အကြောင်းအရင်းက စက်မှုလုပ်ငန်းများနှင့် ပို့ဆောင်ရေးလုပ်ငန်းများမှ ထွက်ရှိနေသော မီးခိုးမြူများ လေထုထဲသို့ တိုက်ရိုက် ဝင်ရောက် ပျံ့လွင့်နေခြင်းကြောင့်ပဲဖြစ်ပါတယ်။

photo credit pngtree

ကိုင်ရိုမြို့သည် အဆောက်အအုံများမြင့်မားပြီး လမ်းများက ကျဉ်းမြောင်းကာ မိုးရေချိန်ကလည်း နည်းပါးလှပါတယ်။ ကိုင်ရို မြို့ပတ်လည်တွင် စက်ရုံ အလုပ်ရုံများလည်းရှိနေပါတယ်။ ကိုင်ရိုမြို့တွင် မီးခိုးမြူ ထူထပ်ရခြင်း၏ အခြားအကြောင်းအရာကတော့ လယ်သမားများက ကောက်ရိုးများကိုမီးရှို့ခြင်းကြောင့်ပဲဖြစ်ပါတယ်။ ကိုင်ရိုမြို့သားများက ထိုအကြောင်းအရာကို မကြာခဏဆိုသလို ပြောလေ့ရှိကြပါတယ်။

photo credit pngtree

မီးခိုး မြူများ အပြင် အီဂျစ်နိုင်ငံမှ ကျေးလက်နှင့် မြို့ပြနေပြည်သူများသည် သောက်သုံးရေ မသန့်ရှင်းမှု ပြဿနာနှင့် လည်း ရင်ဆိုင်ခဲ့ကြရပါတယ်။ အီဂျစ်နိုင်ငံ၏ ရေသုံးစွဲမှု ၉၇ ရာခိုင်နှုန်းသည် နိုင်းမြစ်ရေကို အဓိက မှီခိုအားထားနေကြရသော်လည်း နိုင်းမြစ်အတွင်းသို့ မိလ္လာ စွန့်ပစ်မှုများနှင့် စက်မှု အညစ်အကြေးပစ္စည်းများ စွန့်ပစ်နေမှုတို့ကြောင့် နိုင်းမြစ်သည် ရေထု ညစ်ညမ်းမှုအန္တရာယ် ကို ကြီးမားစွာ ရင်ဆိုင်နေရတာဖြစ်ပါတယ်။ ယခုဖော်ပြပေးသွားခဲ့တဲ့ သတင်းကို နှစ်သက်ကြမယ်လို့ ယုံကြည်ပါတယ်။ like and follow လုပ်ထားပြီး သတင်းတွေကို ဆက်လက် ဖတ်ရှုအားပေးသွားကြပါဦးနော်။

source မောင် သာ ရှေး ဟောင်းသုတေသန

photo credit pngtree

photo credit pngtree

သတင်းယူရေးခွင့်ပေးတဲ့ "မောင် သာ ရှေးဟောင်းသုတေသန"ကို ကျေးဇူးတင်ရှိပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။