ပရိသတ်တွေရဲ့ အချစ်တော် သရုပ်ဆောင်မင်းသမီးချောလေး နန်းဆုဦးကတော့ ယောင်္ကျားလေးပရိသတ်တွေအပြင် မိန်းကလေးပရိသတ်တွေရဲ့ အားပေးချစ်ခကင်မှုတွေကို ရရှိထားသူလေးပါ..။

အောင်မြင်ကျော်ကြားတဲ့ အနုပညာရှင်တစ်ဦးဖြစ်သလို ချစ်စရာကောင်းပြီး အနေအေးတဲ့ သူမရဲ့ ပုံရိပ်လေးတွေကလည်း ပရိသတ်တွေကို အမြဲအချစ်ပိုစေတာလည်း ဖြစ်ပါတယ်..။


Photo Credit - Li John Photography
Photo Credit - Nan Su Oo’s Facebook

အနုပညာအလုပ်တွေကိုဆက်တိုက်လုပ်ဆောင်နေတဲ့ ပရိသတအချစ်တော်လေး သူမကတော့ လုံးဝလမ်းမလျှောက်နိုင်တော့လောက်အောင် ကျန်းမာရေးထိခိုက်သွားပြီး ဆေးကုသမှု ခံယူလိုက်ရတဲ့အကြောင်းလေးကို ပရိသတ်တွေကို ပြောပြလာခဲ့ပါတယ်..။

သူမအနေနဲ့ ဒီနှစ်မှာ အဓိက သင်ခန်းစာအကြီးကြီး ရလိုက်တာကတော့ ဒီတစ်လလုံးက ခြေထောက်ကြွက်သားတွေ တော်တော်ကျန်းမာရေးမကောင်းဖြစ်သွားပြီး လုံးဝလမ်းမလျှောက်နိုင်တော့ပဲ တစ်လလောက်နားပြီးတော့ ဆေးကုသမှု ခံယူလိုက်ရတဲ့အကြောင်းလေးကို ပြောပြထားတာ ဖြစ်ပါတယ်..။


Photo Credit - Htet Zaw Aung Photography
Photo Credit - Nan Su Oo’s Facebook

“ဒီနှစ်အဓိကကတော့ သင်ခန်းစားအကြီးကြီးရသွားတာကတော့ ကိုယ့်ကျန်းမာရေးကိုယ် ဂရုစိုက်ရမယ်ဆိုတာပါပဲ.. နှစ်ကုန်ခါနီးမှာ ဒီလ တစ်လလုံး ကျန်းမာရေး မကောင်းဘူးဖြစ်သွားတာပေါ့ ပုံမှန်ကျန်းမာရေးက ကောင်းပါတယ် အခုက အခန့်မသင့်ပဲ ခြေထောက်ကြွက်သားထိခိုက်မှုဖြစ်သွားတာ သိပ်ပြီးတော့ မလှုပ်ရှားနိုင်ဘူး လက်ခံထားတဲ့ အလုပ်တွေလည်း တစ်လလုံးလုံးပျက်သွားတယ် ပြီးတော့လည်း ကိုယ့်ကိုကိုယ့်ပဲ ခြေထောက်ပြန်ကောင်းလာဖို့ ဂရုစိုက်နေရတယ် ကြွက်တတ်ပြီးတော့ လုံးဝလမ်းမလျှောက်နိုင်တော့ပဲ ဖြစ်သွားတာ ဆယ်ရက်လောက်ကို လမ်းမလျှောက်နိုင်ဘူး.. တစ်လလောက်နားပြီးတော့ ကုလိုက်ရတယ် ကုပြီးတော့ အခု ပုံမှန်ပြန်ဖြစ်သွားပြီ ..” ဆိုပြီးတော့ သူမရဲ့ ကျန်းမာရေးအခြေအနေလေးကို ပြောပြထားတာပါ..။

ကျန်းမာရေးကောင်းမှ အခြားအလုပ်တွေလုပ်နိုင်မှာဖြစ်ပြီး ပရိသတ်တွေကိုလည်း ကျန်းမာရေးဂရုစိုက်ဖို့လည်း တိုက်တွန်းထားပြီး ထက်ထက်မိုးဦး၊ အိချောပို၊ ရဲရင့်အောင်တို့နဲ့အတူ ရိုက်ကူးမယ့် ဇာတ်ကားလေးအကြောင်းကိုလည်း ပြောပြထားတဲ့ အိချောပိုရဲ့ ဗီဒီယိုဖိုင်လေးကိုလည်း တင်ဆက်ပေးလိုက်ပါတယ်နော်..။

Photo Credit - Nan Su Oo’s Facebook
Photo Credit - Nan Su Oo’s Facebook

Photo Credit - Nan Su Oo’s Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။